လာမည့်နှစ်တွင် ရန်ကုန်ရှိအခြေခံပညာကျောင်းသားများ မှတ်ပုံတင်ရရှိရေးကို ဦးစားပေးဆောင်ရွက်မည်ဟုဆို

လာမည့်နှစ်တွင် ရန်ကုန်ရှိအခြေခံပညာကျောင်းသားများ မှတ်ပုံတင်ရရှိရေးကို ဦးစားပေးဆောင်ရွက်မည်ဟုဆို

မှတ်ပုံတင်ထုတ်ပေးသည့်ဌာနများမှ နိုင်ငံသားအဖြစ်ပေးရန် ဥပဒေနှင့် အညီ စိစစ်ရသည့်အတွက် လာရောက်လျှောက်ထားသူများမှ စာရွက်စာတမ်းပြည့်ပြည့်စုံစုံ တင်ပြရန်လိုပါသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး နိုင်ငံသားမှတ်ပုံတင်ခြင်း လုပ်ငန်းကို အခြေခံပညာကျောင်းများသို့ နှစ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတစ်ဝန်းမှ အခြေခံပညာကျောင်းများမှ ၁၀ နှစ်ပြည့်လာမည့် ကျောင်းသား၊ ကျောင်းသူများကို ယခုနှစ် ဇူလိုင် ၁ ရက်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

READ - မြန်မာနိုင်ငံအနှံ့ လစ်လပ်လျက်ရှိသည့် အထက်တန်းပြရာထူးနေရာများကို ဖြည့်ဆည်းရန် အခြေခံပညာဦးစီးဌာနမှ ခွင့်ပြုလိုက်ပြီ

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၀ နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူ ၁၀၈၁၀ ဦး၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း ၂၀၁၇ သြဂုတ် ၂၄ ရက် အထိ ၅၂၃ ဦးအား နိုင်ငံသား စိစစ်ရေးကတ်ထုတ်ပေးခဲ့ကြောင်း ဦးဇော်အေးမောင်က ပြောသည်။

ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင် ရှိသည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူဦးရေ နှင့် နှိုင်းယှဉ်ပါက မှတ်ပုံတင်ထုတ်ပေးနှုန်းမှာ အလွန်နည်းနေသေးသည့်အတွက် လာမည့်နှစ်များတွင် ငါးသောင်းခန့်ထုတ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။

“သက်ဆိုင်ရာ တိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန တိုင်းဦးစီးမှူးတွေ၊ မြို့နယ်ဦးစီးဌာနမှူးတွေနဲ့ တိုင်ပင်ပြီးတော့ လာမည့်ပညာသင်နှစ်တွေမှာ ကျောင်းများကို တတ်နိုင်သလောက် ဦးစားပေးပြီး မှတ်ပုံတင်ရရှိရေးကို ဆောင်ရွက်ပေးသွားပါ့မယ်” ဟု ၀န်ကြီးက ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 1133 times