အုပ်စုဖွဲ့စစ်ဆေးသည့် စာမေးပွဲပုံစံ မကျင့်သုံးတော့ဘဲ ယခင်အတိုင်းစစ်မည်

အုပ်စုဖွဲ့စစ်ဆေးသည့် စာမေးပွဲပုံစံ မကျင့်သုံးတော့ဘဲ ယခင်အတိုင်းစစ်မည်

ယင်းစနစ်မပြောင်းလဲဖြစ်တော့ဘဲ ယခင်ကဲ့သို့ပင် တစ်ဦးချင်း ရေးဖြေဖြေဆိုရသည့် စာမေးပွဲပုံစံကိုသာ ကျင့်သုံးတော့ မည်ဟု သိရသည်။

‘‘ပုံမှန် CET (Chapter End Test) ပဲ စစ်ရတော့မယ် ကြားပါ တယ်။ အခြေခံပညာဦးစီးဌာနက တိုင်းရုံးကိုတော့ တရားဝင်ညွှန် ကြားချက်မပို့သေးဘူး’’ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူး (ပညာ) ဒေါ်ဆွေဆွေလဲ့က ပြောသည်။

စာမေးပွဲ စစ်ဆေးမှုပုံစံနှင့် ပတ်သက်၍ အခန်းဆုံးစစ်ဆေး ခြင်း Chapter End Test (CET) ကို ဇူလိုင်နှင့် ဒီဇင်ဘာတို့တွင် တစ်ကြိမ်စီ စစ်ဆေးရန်၊ ရရှိလာ သော အကဲဖြတ်ရမှတ်များအပေါ် Grading A, B, C, D သတ်မှတ် ဆောင်ရွက်ရန် ပညာရေးဝန်ကြီး ဌာန ဝန်ကြီးရုံးက ဇူလိုင် ၁၁ ရက် တွင် အခြေခံပညာဦးစီးဌာနသို့ ညွှန်ကြားထားသည်။

အုပ်စုဖွဲ့စစ်ဆေးခြင်းနည်း လမ်းဖြင့် စာမေးပွဲစစ်ဆေးမည့် အ စီအစဉ်ကို ဖျက်သိမ်းလိုက်သော် လည်း ကျောင်းသား၊ ကျောင်းသူ များကို အုပ်စုလိုက် ပရောဂျက် ပြုလုပ်နိုင်ရေး အားပေးဆောင် ရွက်ရန်နှင့် ဆရာ၊ ဆရာမများကို Project Training သင်တန်းပေး ရန် ပညာရေးဝန်ကြီးဌာန ဝန်ကြီး ရုံး၏ ညွှန်ကြားချက်တွင် ထည့် သွင်းညွှန်ကြားထားသည်။

READ - ပညာရေးတက္ကသိုလ်တွေမှာ နယ်ကျော်တက်လိုတဲ့ ကျောင်းသားတွေကို လက်ခံသင်ကြားပေးမယ့် ဦးရေသတ်မှတ်

ဇူလိုင် ၁၇ ရက်က နေပြည် တော် အထက (၆) ၌ ကျင်းပသော ကျောင်းသုံး ဖတ်စာအုပ်များနှင့် ကျောင်းဖွံ့ဖြိုးမှုဆိုင်ရာ ဖြည့် ဆည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင်လည်း ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခန်းဆုံးစစ်ဆေးမှု Chapter End Test (CET) ကို ဇူလိုင်နှင့် ဒီဇင်ဘာတွင် တစ်ကြိမ် စီကျင်းပရန် ညွှန်ကြားခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ ခရိုင်ပညာရေးမှူးများနှင့် မြို့နယ် ပညာရေးမှူးများက ဆိုသည်။

‘‘မေးခွန်းပုံစံ ထွက်မယ်ဆိုလို့ ညွှန်ကြားချက်ထပ်လာတာကို စောင့်နေတာပါ။ အခု Group Work မလုပ်တော့ဘူးလို့လည်း ကြားတယ်။ တရားဝင်တော့ ကျောင်းတွေကို Group Work လား၊ CET လား ဘာမှမညွှန်ကြား သေးဘူး’’ဟု အလက (၂) မိတ္ထီ လာမှ အလယ်တန်းပြဆရာမတစ် ဦးက ပြောသည်။

တစ်ဖွဲ့လျှင် ကျောင်းသား၊ ကျောင်းသူလေးဦးနှုန်းဖြင့် တော်၊ သင့်၊ ညံ့မျှတအောင် အဖွဲ့ဖွဲ့ပေး ကာ အားလုံးပါဝင်ဆွေးနွေးစေပြီး တစ်ဦးက အဖွဲ့ကိုယ်စား အဖြေ လွှာတွင် ရေးပေးရမည့် အုပ်စုဖွဲ့ စစ်ဆေးခြင်းစနစ်ကို ယခု ၂၀၁၇-၁၈ ပညာသင်နှစ် ဇူလိုင်နှင့် ဒီဇင် ဘာ၌ စစ်ဆေးမည့် စာမေးပွဲများ တွင် ကျင့်သုံးရန် ညွှန်ကြားခဲ့မှု ကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများအကြား ဝေဖန်မှုများ ပေါ်ပေါက်ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 2956 times