အထက်တန်းပြရာထူးများအတွက် B.Ed ဒုတိယနှစ်တက်ရောက်နေဆဲ ဖြစ်သည့် အလယ်တန်းပြများကို ခန့်ထားမည်

အထက်တန်းပြရာထူးများအတွက် B.Ed ဒုတိယနှစ်တက်ရောက်နေဆဲ ဖြစ်သည့် အလယ်တန်းပြများကို ခန့်ထားမည်

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်းကျောင်းများမှ အထက်တန်းကျောင်း (ခွဲ) များအဆင့်သို့ တိုးမြှင့်သွားသော ကျောင်းများတွင် လိုအပ်မည့် အထက်တန်းပြဆရာ၊ ဆရာမ ရာထူးနေရာများကို B.Ed ဘွဲ့ရ၊ B.Ed ဒုတိယနှစ်တက်ရောက်ဆဲ၊ P.hD, MCSc, MC.Tech ဘွဲ့ရ အလယ်တန်းပြများကို အထက်တန်းပြများ အဖြစ် ရာထူးတိုးမြှင့် ခန့်ထားမည် ဖြစ်သည်။

M.A, M.Sc ဘွဲ့ရ အလယ်တန်းပြများကို လက်ရှိရာထူးလုပ်သက် ခြောက်လပြည့်ပြီး ဆန္ဒပြု ဒေသကိုက်ညီပါက အထက်တန်းပြအဖြစ် ရာထူးတိုးမြှင့် ခန့်ထားနိုင်မည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

"ဒီနှစ်မှာ အဆင့်တိုးသွားတဲ့ ကျောင်းများအတွက် လိုအပ်နေတဲ့နေရာများကို ဖြည့်ဖို့တွက်ကြည့်တဲ့အခါမှာ ပညာရေးကောလိပ်ဆင်းတွေနဲ့လည်း အရေအတွက်က မပြည့်မီဘူး။

လက်ရှိရာထူးတိုး ပေးရမယ့် အခြေအနေကလည်း လိုအပ်နေသေးတော့ နောက်ထပ်ခန့်ထားလို့ရမယ့် နည်းလမ်းတွေနဲ့ ဖြည့်ဆည်းဖို့ လုပ်တာပါ" ဟုပြောသည်။

လက်ရှိတွင် အခြေခံပညာကဏ္ဍရှိ အခြေခံပညာမူလတန်းပြများအဖြစ် တာဝန်ထမ်းဆောင်နေသော သူများထဲမှ M.A, M.Sc ဘွဲ့ရရှိပြီးသော သူများကို လက်ရှိလုပ်သက်ခြောက်လ ပြည့်ပြီး ဆန္ဒပြု ဒေသနှင့် ကိုက်ညီပါက အထက်တန်းပြရာထူးကို ကျောထောက်နောက်ခံပြုပြီး အလယ်တန်းပြလစာနှုန်းဖြင့် ခန့်ထားနိုင်သည်။

ကျောင်းသင် ဘာသာရပ်နှင့်မကိုက်ညီသော မဟာဘွဲ့ရများထဲတွင် အလယ်တန်းပြနှင့် မူလတန်းပြလုပ်သက်ခြောက်လပြည့်ပြီး ဆန္ဒပြု ဒေသနှင့်ကိုက်ညီပါက တစ်ဆင့်မြင့် ရုံးဝန်ထမ်းများအဖြစ် ရာထူးတိုးမြှင့်ခန့်ထားမည် ဖြစ်သည်။

ယခုပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းပေါင်း ၆၀၀၀ ကျော်ကို အဆင့်တိုးမြှင့်ခဲ့ပြီး အထက်တန်းကျောင်း (ခွဲ) ပေါင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၅၈၆ ကျောင်းကို အဆင့်တိုးမြှင့်ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 1942 times