လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း ၀င်ခွင့်ရေးဖြေစာမေးပွဲကို ဖေဖော်ဝါရီ ၃ ရက်တွင် ဖြေဆိုရမည်

လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း ၀င်ခွင့်ရေးဖြေစာမေးပွဲကို ဖေဖော်ဝါရီ ၃ ရက်တွင် ဖြေဆိုရမည်

ဖေဖော်ဝါရီ ၃ ရက်တွင် သက်ဆိုင်ရာ ပညာရေး ကောလိပ်များ၌ ဖြေဆိုကြရမည်ဖြစ်သည်။

ပညာရေးကောလိပ် ၂၀ ကျော်တွင် မူလတန်းဆရာအတတ်ပညာသင်တန်းကို တက်ရောက်ခွင့်ရရှိသူများသည် စာတွေ့လေးလနှင့် လက်တွေ့တန်းပြ နှစ်လ၊ စုစုပေါင်း ၆ လ တက်ရောက်ရမည်ဖြစ်သည်။

သင်တန်းပြီးဆုံးပါက မူလတန်းဆရာအတတ်ပညာ လက်မှတ်ကို ချီးမြှင့်မည်ဖြစ်ပြီး မူလတန်းပြအဖြစ် ခန့်ထားသွားမည် ဖြစ်သည်။

READ - အသက်မွေးဝမ်းကျောင်းပညာရပ်များ အခမဲ့သင်ကြားမည့် စုအသက်မွေးဝမ်းကျောင်းသိပ္ပံ ဖွင့်မည်

မူလတန်းပြအဖြစ် ခန့်ထားခြင်းခံရသူများသည် ဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင် ရမည် ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT)၊ အမှတ်စဉ် (၅/၁၈) သင်တန်းကို ပညာရေး ကောလိပ်များတွင် ၂၀၁၈ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။

နှစ်စဉ်သင်တန်းဝင်ခွင့်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာရေးကောလိပ် ၂၀ ကျော်တွင် ယင်းသင်တန်း ၀င်ခွင့်ရရှိရန် လျှောက်ထားသူ လေးသောင်းကျော်မှ ငါးသောင်းဝန်းကျင်ရှိပြီး ၀င်ခွင့်ရရှိသူမှာ ငါးထောင်မှ ခြောက်ထောင်သာ ရှိကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

News Read 1882 times