အခြေခံပညာကျောင်း ခြောက်ထောင်ခန့်တွင် လိုအပ်သည့် ဆရာ၊ ဆရာမရာထူးနေရာများအတွက် ရာထူးတိုးများ လျှောက်ထားနိုင်ပြီ

အခြေခံပညာကျောင်း ခြောက်ထောင်ခန့်တွင် လိုအပ်သည့် ဆရာ၊ ဆရာမရာထူးနေရာများအတွက် ရာထူးတိုးများ လျှောက်ထားနိုင်ပြီ

ယခုပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲ ၄၈၅ ကျောင်း၊ အလယ်တန်းနှင့် အလယ်တန်းကျောင်းခွဲ၊ မူလတန်းလွန်ကျောင်း ၃၃၁၅ ကျောင်း၊ မူလတန်းနှင့် မူလတန်းကျောင်းခွဲ ၁၂၉၉ ကျောင်း စုစုပေါင်း ၅၀၉၉ ကျောင်းကို အဆင့်တိုးမြှင့်ပေးခဲ့ရာ အထက်တန်းအဆင့်အတွက် အလယ်တန်းပြ ၂၇၇၁ ဦး၊ အလယ်တန်းအဆင့်အတွက် ၁၁၄၁၅ ဦး၊ မူလတန်းအဆင့်အတွက် ၄၂၇၈ ဦး စုစုပေါင်း ၁၈၄၆၄ ဦး လိုအပ်လျက်ရှိသည်။

READ - ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ ရမှတ် ၃၆၀ နှင့်အထက်ရရှိပါက နည်းပညာတက္ကသိုလ်များ လျှောက်ထားနိုင်

တစ်ဆင့်ချင်းသွားနေရတာပေါ့။ ကျောင်းအဆင့်တိုးတွေပြီးရင် လစ်လာမှာ။ မူလတန်းပြနေရာတွေမှာ လစ်လပ်လာမှာပါ။ အဲဒီနေရာတွေအတွက် ဖြည့်ဆည်းခန့်ထားဖို့ကို ဆက်ပြီး ဆောင်ရွက်ပေးရမယ်။ သင်တန်းဆင်းတွေ၊ နေ့စားတွေနဲ့ထပ်ပြီး ဖြည့်ရမှာ ဖြစ်ပါတယ်။

အဆင့်တိုးမြှင့်ထားသည့် ကျောင်းများအတွက် ခန့်ထားရန် အထက်တန်းပြရာထူးကို အလယ်တန်းပြမှလည်းကောင်း၊ အလယ်တန်းပြရာထူးကို မူလတန်းပြမှလည်းကောင်း ခန့်ထားမည်ဖြစ်ရာ လက်ရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေရသော မူလတန်းနှင့် အလယ်တန်းပြရာထူးနေရာများမှ မဟာဘွဲ့ရရှိထားသူများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများမှတစ်ဆင့် အခြေခံပညာဦးစီးဌာနသို့ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

အခြေခံပညာဦးစီးဌာနများ၏ ၂၀၁၇ ခုနှစ် မတ်လအထိ ဆရာ၊ ဆရာမများ လစ်လပ်အင်အားစာရင်းအရ အထက်တန်းပြရာထူးနေရာ ၆၁၆၀၊ အထက်တန်းပြ (ကာယ) ရာထူးနေရာ ၆၆၀၊ အလယ်တန်းပြရာထူး နေရာ ၁၇၁၄၈၊ အလယ်တန်းပြ (ကာယ) ရာထူးနေရာ ၂၂၄၆၊ မူလတန်းပြရာထူးနေရာ ၁၁၆၉၄၈ ဦး လစ်လပ်နေကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 15050 times