လေးတန်းနဲ့ ရှစ်တန်းကို ဘက်စုံမှတ်တမ်းရမှတ်တွေပါ ပေါင်းပြီး အောင်/ရှုံး သတ်မှတ်မည်

လေးတန်းနဲ့ ရှစ်တန်းကို ဘက်စုံမှတ်တမ်းရမှတ်တွေပါ ပေါင်းပြီး အောင်/ရှုံး သတ်မှတ်မည်

လေးတန်းနဲ့ ရှစ်တန်းကို ပြီးခဲ့တဲ့နှစ်တွေက အစိုးရစစ် စနစ်နဲ့စစ်ဆေးခဲ့တာဖြစ်ပြီး ကုစား စာမေးပွဲ၊ နောက်ဆက်တွဲ ဖြည့်ဆည်းစာမေးပွဲ စတဲ့ စာမေးပွဲတွေပြုလုပ်ပြီး နောက်ဆုံးဖြေဆိုခဲ့တဲ့ ရလဒ်ကိုကြည့်ပြီး အောင်/ရှုံး သတ်မှတ်ခဲ့ပါတယ်။

အခုနှစ်မှာတော့ ကုစားစာမေးပွဲ၊ နောက်ဆက်တွဲ ဖြည့်ဆည်းစာမေးပွဲစတဲ့ စာမေးပွဲတွေမရှိတော့ဘဲ ကျောင်းသားတစ်ဦးချင်းစီရဲ့ စာသင်နှစ်တစ်နှစ်လုံးရဲ့ ဘက်စုံအရည်အချင်းမှတ်တမ်းချုပ်မှာ ရရှိတဲ့ အမှတ်တွေကိုပါ ထည့်သွင်းပြီး အောင်/ရှုံး သတ်မှတ်ပါ့မယ်။

ဘက်စုံအရည်အချင်းမှတ်တမ်းချုပ်ဆိုတာက ကျောင်းသူကျောင်းသား တစ်ဦးချင်းစီရဲ့ ကျောင်းနဲ့ သက်ဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်မှု၊ မိမိဝတ်ဝန်းကျင်မှာ ပူးပေါင်းဆောင်ရွက်မှု၊ အသင်းအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက်မှု၊ မိဘနဲ့ ပူးပေါင်းဆောင်ရွက်မှုစတဲ့အချက်တွေကို ကြည့်ပြီး အမှတ်ပေးတာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

အဲလို အမှတ်ပေးတဲ့အခါမှာ လေးတန်းအတွက် ဘက်စုံအရည်အချင်းမှတ်တမ်းချုပ်က ဖြစ်စဉ်ကိုးရပ် ပါဝင်ပြီး (၈) တန်း အတွက် ဘက်စုံအရည်အချင်းမှတ်တမ်းချုပ်မှ ဖြစ်စဉ်ခြောက်ရပ်ပါဝင်ပါတယ်။

ထိုဆောင်ရွက်ချက်တွေမှာ ရမှတ် နှင့် လစဉ်စာမေးပွဲတွေ ဖြေထားတဲ့ အမှတ် တို့ ပေါင်းပြီး CPR ထဲကို ထည့်ရတာ၊ အဲဒီပထမနှစ်ဝက်ဆုံးမှာရထားတဲ့ အဖြေရယ် နောက်ဆုံးဘိတ်အထိရတဲ့ ဖြစ်စဉ်အမှတ်တွေကို ပေါင်းပြီး အောင်/ ရှုံးဆုံးဖြတ်မှာပါ။

သက်ဆိုင်ရာကျောင်းတွေက ဆရာ၊ ဆရာမတွေအနေနဲ့ နောက်ဆုံးဖြေဆိုတဲ့ စာမေးပွဲရဲ့ ရမှတ်ကို သိခွင့်မရှိဘဲ သက်ဆိုင်ရာတိုင်းဒေသကြီး ပညာရေးမှူးရုံးတွေကနေသာ အအောင်၊ အရှုံးဆုံးဖြတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ပညာသင်နှစ်မှာ အတန်းတွေအလိုက် ထူးချွန်တဲ့ကျောင်းသူကျောင်းသားကို ဆုပေးနိုင်ဖို့ စာမေးပွဲမှာ အမှတ်အများဆုံးရရှိတဲ့ ကျောင်းသူကျောင်းသားစာရင်းကိုတော့ သက်ဆိုင်ရာကျောင်းတွေကနေ တိုင်းပညာရေးမှူးရုံးမှ တောင်းခံနိုင်တယ်လို့ သိရပါတယ်။

ဆုပေးပွဲအတွက် ဘယ်သူတွေ ပထမ၊ ဒုတိယ၊ တတိယရတယ်ဆိုတဲ့ အမှတ်စာရင်းကိုတော့ တိုင်းပညာရေးမှူးရုံးကို စာတင်ပြီး တောင်းလို့ရတယ်ပြောတယ်၊ ဒါပေမယ့် အောက်ကကျန်တဲ့ သူတွေရဲ့ အမှတ်တွေတော့ သိခွင့်မရှိဘူးလို့ ဆိုပါတယ်။

အခြေခံပညာ မူလတန်းအဆင့်ဖြစ်တဲ့ စတုတ္ထတန်းနဲ့ အလယ်တန်းအဆင့် အဋ္ဌမတန်းစာမေးပွဲတွေကို လာမယ့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။

တကယ်လို့ စာမေးပွဲကျခဲ့ရင် ကလေးတစ်ယောက် အမှတ် ၄၀ မရခဲ့ရင် ရှေ့မှာရှိတဲ့ ပထမနှစ်ဝက်မှာ ရထားတဲ့အမှတ်တွေ ပြန်ကြည့်မယ်၊ ပြီးရင် ဖြစ်စဉ်တွေမှာရထားတဲ့ အမှတ်တွေ ပြန်ကြည့်ပြီးရင် ဒီကလေးကို မော်ဒရေးရှင်းပုံစံပေးမယ်လို့ မြင်ပါတယ်။

အရင်တုန်းက အစိုးရစစ် စာမေးပွဲဆိုတာက အခုလက်ရှိဖြေတဲ့ စာမေးပွဲတစ်ခုတည်းကိုပဲ ကြည့်ပြီးဆုံးဖြတ်တာ၊ လေးတန်း ရှစ်တန်းကို ကုစားလဲ မဖြေခိုင်းတော့ဘဲ အခုလိုလုပ်တယ်ဆိုတာက အတန်းတစ်ခုအထိ အောင်စေချင်တဲ့သဘောလို့ မြင်ပါတယ်၊ ရှင်းရှင်းပြောရရင် တော်တော်လေးညံ့ တဲ့ကလေးမှပဲ ကျလိမ့်မယ်ထင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Credit: kumudra journal

News Read 11920 times