အခြေခံပညာကျောင်းတွေကို မေလ တတိယပတ်ထဲမှာ စတင် ကျောင်းအပ်နှံခွင့် ပြုမည်

အခြေခံပညာကျောင်းတွေကို မေလ တတိယပတ်ထဲမှာ စတင် ကျောင်းအပ်နှံခွင့် ပြုမည်

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ကျောင်းတွေ အားလုံးမှာ ကျောင်းအပ်တစ်ပြိုင်တည်း လက်ခံမှာဖြစ်ပြီး ကျောင်းသူကျောင်းသားတွေအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံစတဲ့ ကျောင်းသုံး ပစ္စည်းတွေပါ အခမဲ့ ပေးအပ်မယ်လို့သိရပါတယ်။

မေလရဲ့တတိယပတ်ထဲမှာ စပြီးလက်ခံမှာပေါ့၊ အခါတိုင်းနှစ်တွေလဲ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားတယ်၊ ကျောင်းအပ်တာတွေအတွက် အားလုံးအခမဲ့ပါပဲ၊ ငွေတစ်ပြားမှ ပေးစရာမလိုပါဘူး၊ အကုန်အခမဲ့ပါလို့ ပညာရေးဝန်ကြီးဌာန ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး အဆင့်ရှိ အရာရှိ တစ်ဦးကပြောပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ကျောင်းသုံးပုံနှိပ်စာအုပ်တွေကိုလည်း အခမဲ့ပေးအပ်မှာဖြစ်ပြီး ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတဲ့အခါမှာ ငွေကြေး ကုန်ကျစရာမလိုအောင် အားလုံးအခမဲ့ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်း အတာအရ ကျောင်းအပ်လက်ခံတာတွေကို မေလ တတိယပတ်နဲ့ စတုတ္ထပတ်အတွင်း ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံပေးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်မှာ တစ်နိုင်ငံလုံးအတိုင်း အတာအရ အခြေခံပညာကျောင်းတွေမှာ မူလတန်းအဆင့် တက်ရောက်သူ ဦးရေ ၉၅၈,၆၉၇ ဦးရှိခဲ့ပြီး အထက်တန်းအဆင့်တက်ရာက်သူဦးရေ ၆၄၁,၉၂၄ ဦးရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ – ၂၀၁၇ ပညာသင် နှစ်ကစတင်ပြီး KG +၁၂ ပညာရေးစနစ်ကို စတင် အကောင်အထည်ဖော်ဆောင်ရွက်တာဖြစ်ပြီး ပညာသင်နှစ်တစ်နှစ်ချင်းစီအလိုက် သင်ရိုးညွှန်းတမ်းတွေကို ပြောင်းလဲကျင့်သုံးသွားမှာဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 7187 times