မေလ ၁၈ရက်ကအထက (၄) အလုံတွင် ကျင်းပသည့် ကျောင်းအပ်နှံရေးမတိုင်မီ လုပ် ငန်းစဉ်များရှင်းလင်းပွဲ၌ ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
‘‘မြန်မာနိုင်ငံ ပညာရေးမှာ အခြေခံပညာရေးသည် အခုအ ကူးအပြောင်းကာလဖြစ်သည်။ ၂၀၁၉ဇွန်မှာGrade-6 သည်သင် ရိုးသစ်ဆဋ္ဌမတန်းဖြစ်မယ်။ ဆဋ္ဌ မတန်း (Grade-7) သည် သင်ရိုး ဟောင်းဖြစ်မယ်။
ဆဋ္ဌမတန်းချင်း တူနေရင် ဆရာ၊ဆရာမတွေ၊ ကျောင်းသားမိဘတွေအငြင်းပွား တော့မယ်။ ဒါကြောင့် နောင်နှစ် ရောက်ရင် ကျောင်းသုံးဖတ်စာ အုပ်တွေမှာ မြန်မာလိုရေးတာတွေ အကုန်ဖျက်မယ်။ မဖျက်လို့မရ တော့ဘူး’’ ဟု ဒေါက်တာမျိုးသိမ်း ကြီးကဆိုသည်။
၂၀၁၉-၂၀ ပညာသင်နှစ် တွင် တတိယတန်းနှင့် ဆဋ္ဌမတန်း ကို သင်ရိုးသစ်ဖြင့် ပြောင်းလဲသင် ကြားမည်ဖြစ်သည်။
စနစ်ဟောင်း သင်ရိုးတွင် ဆဋ္ဌမတန်းကိုGrade-7ဟု သတ် မှတ်ခဲ့သော်လည်း စနစ်သစ် သင် ရိုးတွင် Grade-6ဟုသာသတ် မှတ်မည်ဖြစ်သည်။
ယခုလာမည့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် သင်ရိုးဟောင်း ပဉ္စမတန်း (Grade-6) တက် ရောက်မည့်သူသည် နောင်နှစ် တွင် သင်ရိုးသစ်ဆဋ္ဌမတန်း (Grade-6) ၌ တက်ရောက်ရမည် ဖြစ်ရာ မိဘများ ရှုပ်ထွေးနိုင်ခြင်း ကြောင့် မြန်မာလိုမထည့်တော့ ဟုဆိုသည်။
ပုံနှိပ်ထုတ်ဝေပြီးသော ဖတ် စာအုပ်များတွင်လည်း မြန်မာလို အတန်းအမည်များကို စတစ်ကာ ဖြင့် ဖုံးအုပ်ရန်အခြေခံပညာ ကျောင်းများအား ပညာရေးဝန် ကြီးဌာနက အကြောင်းကြားထား သည်။
‘‘မနှစ်ကလည်း Grade-6 တက်ရတယ်။ နောက်နှစ်လည်း Grade-6 တက်ရဦးမယ်ဖြစ်မှာ စိုးလို့ထင်တယ်။ မြန်မာလိုတွေ ကို စတစ်ကာနဲ့ကပ်ပြီး ဖုံးဖို့ပြော ထားတယ်။ ကျောင်းမှာကတော့ အခုနှစ်ကတည်းက စလုပ်နေတယ်’’ ဟု အလယ်တန်းပြဆရာမ တစ်ဦးကပြောသည်။ အခြေခံပညာ သင်ရိုးညွှန်းတမ်းများကို ၂၀၁၆-၁၇ ပညာသင်နှစ်က စတင်ပြောင်းလဲခဲ့ပြီး ၂၀၂၂-၂၃ ပညာသင်နှစ် တွင် အတန်းအားလုံးအပြီး ပြောင်းလဲမည်ဟု ပညာရေးဝန် ကြီးဌာနက ကြေညာထားသည်။
သင်ရိုးသစ်အရ KG မှ Grade-12 အထိ ၁၃နှစ်တက် ရောက်ရမည်ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: 7day daily