ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက်နှင့် ၀န်ထမ်း အားလုံး လိုက်နာရမည့် အချက်များကို ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက်နှင့် ၀န်ထမ်း အားလုံး လိုက်နာရမည့် အချက်များကို ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

မိဘများသို့ မေတ္တာရပ်ခံချက်တွင် ကျောင်းအပ်နှံမှုနှုန်း များပြား လာခြင်းကြောင့် စာအုပ်များ လုံလောက်စွာ ဖြန့်ဝေနိုင်ရန်အတွက် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင် ကျောင်းအပ်နှံရန်၊ ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း မပြုရန်၊ ကျောင်းမှန်မှန်တက်ရေး စာမှန်မှန်လုပ်ရေးကို မိဘများက ကြီးကြပ်၍ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပေးရန်၊ စသည့်အချက်များ ထုတ်ပြန်ထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ထို့အတူ မူလတန်းအဆင့်တွင် ကျောင်းထွက်သူ လုံးဝမရှိရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ပညာသင်ယူနိုင်ရေးအတွက် မိဘများက ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လည်း မေတ္တာရပ်ခံ ထားသည်။

ထို့အတူ ကျောင်းအုပ်ဆရာ ဆရာမများ အားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံး လိုက်နာရမည့် အချက်တွင် မည်သည့် အခကြေးငွေမှ ကောက်ခံခြင်းမပြုရန်၊ ငွေကြေး/ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရန် ကျောင်းဝတ်စုံအတွက် အတန်း တံဆိပ်နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်း မပြုရန်နှင့် အခြား မည်သည့် ပစ္စည်းကိုမှ ရောင်းချခြင်း မပြုရန်လည်း ထုတ်ပြန်ထား သည်။

ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၅ မှ ၃၁ အထိ သတ်မှတ်ထားကာ ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံးသို့ အသိပေး တိုင်ကြားလိုပါက ရုံးအမှတ် ၁၃၊ နေပြည်တော် သို့မဟုတ် [email protected] သို့ တိုင်ကြားနိုင်သည်ဟု လည်း ဖော်ပြထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: The Ladies News

News Read 5116 times