Sales Hotline : 09448001653       Download App



ရန်ကုန်အပါအဝင် မြို့ကြီး (၁၀) မြို့တွင် အိမ်တွင်းမှုသက်မွေးသင်တန်းများ စတင်လျှောက်ထားနိုင်ပြီ

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အတန်းပညာပြီးဆုံးအောင် မတက်ရောက်နိုင်ခဲ့သော်လည်း ဝင်ငွေအခွင့်အလမ်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိရန် သက်မွေးပညာသင်တန်းကျောင်းများကို တက်ရောက်လိုသူတွေအတွက် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး (၁၀) မြို့မှာ ဖွင့်လှစ်ထားသည့် အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းများတွင် သင်တန်းသားများ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 

 

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အိမ်တွင်းမှုသက်မွေးသင်တန်း အပတ်စဉ် (၁) အား စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ကြေညာထားပါသည်။ 


 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းများအား ဖွင့်လှစ်ထားပါသည်။ အဆိုပါသင်တန်းကျောင်းများတွင် - 

 

  • စက်ချုပ်သင်တန်း (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ 
  • လက်မှုသင်တန်း (ဇာထိုး/ ပန်းထိုး/ စီးကွင့်)     
  • မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ 
  • အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် 
  • ပန်းအလှပြင်သင်တန်း စသည်တို့ကို သက်ဆိုင်ရာဘာသာရပ်အလိုက် ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ဆရာ/ဆရာမများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိပါသည်။ ထိုသင်တန်းကျောင်းများသည် ဘဏ္ဍာရေး နှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် (၈) ခု ဖွင့်လှစ်ပေးပြီး အပတ်စဉ်တစ်ခုလျှင် (၆) ပတ် ကြာပါသည်။ 

 

ထို့အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

 

အဆိုပါ အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းများ၌ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို ၂-၅-၂၀၂၄ ရက်နေ့မှ ၇-၆-၂၀၂၄ ရက်နေ့အထိ (၆) ပတ်တာ ကာလတိုသင်တန်း ဖွင့်လှစ်မည်ဖြစ်သည်။ ထို့ကြောင့် တက်ရောက်လိုသော သင်တန်းသူ/သားများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ အောက်ပါ အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းများသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းပြီး တက်ရောက်နိုင်ပါသည်။

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရန်ကုန်)

အမှတ်-၁၃၅၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊

ဖုန်း- ၀၉-၄၂၇၉၀ဝ၀၄၆

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မန္တလေး)

အမှတ်-၁၆၉၊ ၈၃ လမ်း၊ ၂၅ x ၂၆ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ စစ်ကိုင်းတန်းရပ်၊ မန္တလေးမြို့၊ 

ဖုန်း- ၀၂-၄၀၃၆၇၉၈

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မော်လမြိုင်)

ရွှေတောင်ရပ်၊ အထက်လမ်းမကြီးဘေး၊ မော်လမြိုင်မြို့၊

ဖုန်း- ၀၅၇-၂၀၂၇၁၆၆ 

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း(တောင်ငူ)

အမှတ်(၁၈)ရပ်ကွက်၊ စည်သူလမ်း၊ ဘူတာအနီး၊ တောင်ငူမြို့၊ 

ဖုန်း-၀၅၄-၂၈၂၃၅၇၁ 

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မြစ်ကြီးနား)

အမှတ်(၉၂)၊ ရှမ်းစုမြောက်ရပ်ကွက်၊ မြစ်ကြီးနားမြို့၊ 

ဖုန်း- ၀၇၄-၂၅၂၂၅၅၈ 

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ဖျာပုံ)

ကျုံကူကျေးရွာ၊ ဖျာပုံ-ဘိုကလေး ကားလမ်းဘေး၊ ဖျာပုံမြို့၊ 

ဖုန်း- ၀၉-၂၆၂၇၅၇၈၉၉ 

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ပုသိမ်)

အမှတ်-၂ ရပ်ကွက်၊ မင်းကြီးလမ်း၊ ပုသိမ်မြို့၊

ဖုန်း-ဝ၄၂- ၂၅၃၇၃၊ ၀၄၂-၂၁၀၃၇

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (စစ်တွေ) 

မေယုလမ်း(လေယာဉ်ကွင်းအနီး၊ မန်ကျည်းမြိုင်ရပ်ကွက်၊ စစ်တွေမြို့၊ 

ဖုန်း- ၀၄၃- ၂၂၀၆၇

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရွာငံ) 

အမှတ်-၈၂ ၊ အင်းကုန်းငါးဆူကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့၊ 

ဖုန်း- ၀၈၁-၄၇၆၈၀၁၅ 

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ထားဝယ်) 

အကွက်အမှတ်(၂၄)၊ ဆန်ချီတိုးချဲ့ အနောက်ကွင်း၊ ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ 

ဖုန်း- ၀၅၉-၂၀၂၄၀၀၉


 

Latest Post Local News Read 2335 times