တိုင်းဒေသကြီးအစိုးရ၀ယ်ထားသည့် ကျောင်းကားများကို TTC ကျောင်း၂ကျောင်းတွင် စတင်ပြေးဆွဲမည်

တိုင်းဒေသကြီးအစိုးရ၀ယ်ထားသည့် ကျောင်းကားများကို TTC ကျောင်း၂ကျောင်းတွင် စတင်ပြေးဆွဲမည်

ထိုကျောင်း၂ကျောင်းတွင် ကျောင်းသားဦးရေများပြီး ကျောင်းကားလိုအပ်ချက်ရှိသည်ဟု တင်ပြလာခြင်းကြောင့် ယခုပညာသင်နှစ်မှ စတင်ကာ ပြေးဆွဲပေးရန် စီစဉ်ခြင်း ဖြစ်သည်။

ယခုပညာသင်နှစ်တွင် ကညနမှ သတ်မှတ်ထားသော ကျောင်းကားလုပ်ငန်းလိုင်စင်၊ အလုံးစုံအာမခံထားရှိခြင်း အစရှိသော စံသတ်မှတ်ချက် များနှင့်အညီ ပြေးဆွဲရန်နှင့် ညာမောင်းကျောင်းကားများကို ယခုစာသင်နှစ်တစ်နှစ် ပြေးဆွဲခွင့်ပြုမည်။

လက်ရှိပြေးဆွဲနေသော ကျောင်းကားလုပ်ငန်းရှင်များကို အများပိုင်ကုမ္ပဏီစနစ်သို့ ပြောင်းလဲဆောင်ရွက်မည်ဆိုပါက အစိုးရ၏ ထောက်ပံ့မှု ပါဝင်မှသာ ရရှိမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသော ကျောင်းကားအများစုသည် ကညန၏ စံသတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိသည့်ကျောင်းကားများကြောင်း သိရသည်။

တစ်ဦးချင်းပိုင်ကျောင်းကားများတွင် လိုက်ထရပ်အုပ်စုဝင်ကားများဖြင့် ကျောင်းကားပြေးဆွဲခြင်းကိုမူ လာမည့်ပညာသင်နှစ်တွင် လုံးဝခွင့်ပြုတော့မည် မဟုတ်သော်လည်း ကညန၏ သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီသော တစ်ဦးချင်းပိုင် လိုက်ထရပ်မဟုတ်သည့် ကျောင်းကားများကိုမူ ဆက်လက်ပြေးဆွဲခွင့်ပြုသွားမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ကိုရီးယားနိုင်ငံ ဟွန်ဒိုင်းကားကုမ္ပဏီထုတ် ကျောင်းကား Bus အစီး ၂၀၀ ကို ၂၀၁၇ ခုနှစ်က ၀ယ်ယူခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy

News Read 2412 times