ကျောင်းကားပြေးဆွဲမည့်စနစ်သစ် သီတင်းကျွတ်ကျောင်းပြန်ဖွင့်လျှင် စတင်မည်

ကျောင်းကားပြေးဆွဲမည့်စနစ်သစ် သီတင်းကျွတ်ကျောင်းပြန်ဖွင့်လျှင် စတင်မည်

ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် RFA သတင်းဌာနတို့ သီးသန့်အင်တာ ဗျူးတွေ့ဆုံမေးမြန်းစဉ် ကျောင်း ကားပြေးဆွဲမည့် အကြောင်းအရာ နှင့်ပတ်သက်၍ ထည့်သွင်းဖြေ ကြားခဲ့သည်။

ကျောင်းကားပြေးဆွဲမှု စနစ် တကျ ဖြစ်စေရေး သက်ဆိုင်ရာ ကျောင်းများကို တာဝန်ယူလုပ် ကိုင်စေရန် စီစဉ်ခဲ့သော်လည်း ကျောင်းများက ကျောင်းကား လုပ်ငန်း လုပ်ကိုင်နိုင်ခြင်းမရှိ သောကြောင့် အစိုးရပါဝင်သော ကုမ္ပဏီတစ်ခုထူထောင်၍ ယင်း လုပ်ငန်းလုပ်ကိုင်မည်ဟု ၎င်းက ဆိုသည်။

READ - တက္ကသိုလ်ဝင်ခွင့် နိုဝင်ဘာလလယ် ပြန်ကြားပေးဖို့စီစဉ်

‘‘စည်းကမ်းနဲ့ စနစ်တကျ ဖြစ်စေဖို့အတွက်ကို ကျောင်းကား စနစ်ကို ပြုပြင်ပြောင်းလဲပါမယ်။ သီတင်းကျွတ်ကျောင်းပိတ်ကာ လ ကျော်လွန်ပြီးရင် ကျွန်တော် တို့ကုမ္ပဏီတွေကနေ ကျောင်း ကားပြေးဆွဲဖို့ ဒီဟာကို ကျွန်တော် တို့ ပြင်ဆင်ထားပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါ ကျောင်းကားပြေး ဆွဲခြင်းလုပ်ငန်းကို အစိုးရပါဝင် သည့် Royal Golden Hand ကုမ္ပ ဏီအမည်ဖြင့် စတင်ပြေးဆွဲဝန် ဆောင်မှုပေးနိုင်ရန် စီစဉ်နေပြီး ကနဦးအနေဖြင့် ဒဂုံ (၁)၊ TTC နှင့် ကမာရွတ်မြို့နယ် အထက (၁) ကျောင်းတို့တွင် ပြေးဆွဲမည် ဟု ရန်ကုန်တိုင်းဒေသကြီး သယ် ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲ မှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

‘‘ကားစီးရေ ဘယ်လောက် စီနဲ့ ဆွဲမယ်၊ ဘယ်လိုလမ်း ကြောင်းဆွဲမယ် ဆိုတာမျိုးက တော့ ညှိနေတုန်းပါပဲ။ စဆွဲမှာက တော့ အဲဒီကျောင်းသုံးကျောင်းက စမှာ။ ကျန်တဲ့ကျောင်းတွေကို နောက်ပိုင်း ဆက်လုပ်မှာပါ’’ဟု ၎င်းကပြောသည်။

လက်ရှိ ပြေးဆွဲနေသော ကျောင်းကားအများစုတွင် လိုက် ထရပ်ယာဉ်များ၊ နောက်ပွင့်ကား များဖြစ်နေပြီး ကျောင်းသားများ အတွက် လုံခြုံမှုမရှိခြင်း၊ စည်း ကမ်းတကျ ရပ်နားမှုမရှိခြင်း စသည့်အချက်များကြောင့် စနစ် တကျ လုံခြုံမှု ရှိလာစေရန် ပြုပြင် ပြောင်းလဲရခြင်းဖြစ်ကြောင်း ဝန် ကြီးချုပ်က ဆိုသည်။

 ရန်ကုန်တိုင်း ဒေသကြီး အစိုးရသည် ရန်ကုန်မြို့ရှိ ကျောင်း ၂၂ ကျောင်းတွင် ပြေးဆွဲ ရန် ကိုရီးယားနိုင်ငံမှ ကျောင်း ကားအစီး ၂၀၀ ဝယ်ယူထားသည်။

ထိုသို့ စနစ်သစ်ဖြင့်ကျောင်း ကားပြေးဆွဲမှုကို စတင်မည်ဆို သော်လည်း လက်ရှိ ပြေးဆွဲနေ သော ကျောင်းကားများကို ရပ် ဆိုင်းရန် ညွှန်ကြားထားခြင်း မရှိ သေးကြောင်း TTC ကျောင်းတွင် ကျောင်းကား ပြေးဆွဲနေသည့် ကားပိုင်ရှင် ကိုစိုးခိုင်က ပြော ကြားသည်။

‘‘အစိုးရကုမ္ပဏီကားတွေက အပြိုင်ဝင်ဆွဲမယ့်သဘောဖြစ်မှာ ပါ။ ကျွန်တော်တို့ကတော့ ဒီ ကျောင်းဖွင့်ရာသီကုန်တဲ့အထိ ဆက်လုပ်ခွင့်ရမယ်ထင်တယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ ကျောင်းကားစီးရေ တစ်ထောင် ကျော်ဖြင့် ပိုင်ရှင်တစ်ဦးချင်းစီက ပြေးဆွဲလုပ်ကိုင်နေကြောင်း ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်ချက်များအရ သိရ သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

News Read 5739 times