အခြေခံပညာဆရာများ၏ ရာထူးတိုး၊ ပြောင်း ကျောင်းမဖွင့်မီ ထွက်မည်

အခြေခံပညာဆရာများ၏ ရာထူးတိုး၊ ပြောင်း ကျောင်းမဖွင့်မီ ထွက်မည်

ယခင်နှစ်များက ကျောင်းဖွင့်ချိန် သြဂုတ်လလောက်မှသာ ထွက်လေ့ရှိသဖြင့် ဆရာ၊ ဆရာမများအတွက် ကျောင်းအပြောင်းအရွှေ့ ဒုက္ခများ ပြီး ကလေးများအတွက် သင်ကြား၊ သင်ယူမှု တုံ့ဆိုင်းမှုများ ဖြစ်ပေါ်သည်။

ထို့ကြောင့် ပညာရေးဝန်ကြီးကလည်း မေလအတွင်း ထွက်ပေးနိုင်ရန် မှာကြားထားသည်။

ယခုနှစ်တွင် ကျောင်းမဖွင့်မီ မေလအတွင်း ထွက်ပေးနိုင်ရန် အခြေခံပညာဦးစီးဌာနက အဆင့်အလိုက် လုပ်ငန်းများ လုပ်ဆောင်နေပါသည်။

လုပ်ငန်းစဉ်တွင် အထက်တန်းပြဆရာများအတွက် တိုင်းနှင့် ပြည်နယ်အဆင့်၊ အလယ်တန်းပြ ဆရာများအတွက် ခရိုင်အဆင့်နှင့် မူလတန်းပြဆရာများအတွက် မြို့နယ်အဆင့် ပညာရေးမှူးများက ဆောင်ရွက်နေခြင်းဖြစ်သည်။

ရာထူးတိုး၊ ပြောင်း နောက်ကျမှုများ၊ ဆရာအတတ်သင် ကျောင်းဆင်းများကို လုပ်ငန်းခွင်ခန့်ထားမှု နောက်ကျခြင်းများအတွက် ဆရာအတတ်သင် ကျောင်းဆင်းများက ဖဲကြိုးစိမ်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနကို ဆန္ဒပြခဲ့ကြသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: thevoice

News Read 3362 times