စာစဉ်ကိုယ်တိုင်တင်သွင်းခြင်း

စာစဉ်ကိုယ်တိုင်တင်သွင်းခြင်း

အဝေးသင် ကျောင်းသားကျောင်းသူတွေကို စာစဉ်ကိုယ်တိုင်ရေးသားပြီး စာစဉ်ကိုအချိန်မီ ထပ်ခိုင်း ရခြင်းဟာ

ကျောင်းသားတွေဟာအဝေးသင် ကထုတ်တဲ့ assignment questionတွေရဲ့ အဖြေပါတဲ့ စာအုပ်တွေ ကိုအဝေးသင် ကျောင်းသားတွေသည်စာအုပ်ဆိုင်တွေမှာ
တက္ကသိုလ် အနီး လမ်းဘေးတွေမှာစားပွဲလေးတွေနဲ့ တင်ရောင်းနေကြသူတွေအခုရက်ဆိုရင် လက်နဲ့ပွေ့ အော်ရောင်းနေကြသူတွေဆီက အဖြေတွေကို အားကိုးပြီး
အမှတ် ၂၀ အတွက်ကြိုးစားပမ်းစားကူးရေးနေကြရတာ။

ကူးရေးတာတောင် ကိုယ်တိုင်ကူးရေးဖို့ အားထုတ်တဲ့သူက မြို့ပေါ်က ကျောင်းသားအနည်းငယ်ပဲရှိပါတယ်။
မြို့ပေါ်ကတောင်ကိုယ်တိုင်မကူး အငှားအပ်ငွေပေး ကူးစေပြီး အလုပ်ပို မလုပ်နိုင်တဲ့သဘောAssignment ကို တန်ဘိုးမထားတာ ဘယ်သူမှငြင်းမရပါဘူး။တကယ် serious ဖြစ်သူတွေရှိပေမယ့် အလွန်နည်းပါတယ်။

အများစုက တက္ကသိုလ် ပတ်ဝန်းကျင်နဲ့
ရင်းနှီးတဲ့ နီးစပ်တဲ့ ပွဲစားတွေနဲ့
ကျောင်းအပ်ပေးဖို့ assignment ရေးပေးဖို့
ငွေ ၂၀၀၀၀ လောက် အပိုပေးပြီး လုပ်စေတာဟာ
သွားဖို့လာဖို့ စရိတ်တွေ ပင်ပန်းတာတွေနဲ့ ယှဉ်ရင်
တန်တယ်သဘောထားပြီး လုပ်နေကြတယ်။

Assignment ကို ကိုယ်တိုင်မရေးပဲ
မေးခွန်းတွေအဖြေတွေတောင်မဖတ်ပဲ
သူများရေးခိုင်းတာနဲ့ ကိုယ်တိုင် မေးခွန်းကြည့် ရေးတာ အကြား ဘာမှပိုမထူးဘူး ကိုယ်တိုင်အရေးခိုင်းနေတာ အပိုတွေ ယူဆကြတာ။ ကျောင်းသားတွေသည် အလုပ်တဘက်နဲ့ အဝေးကြီးမှာ ပြန်လာရတာခက်ခဲလို့
assignment ဘယ်သူငှားရေးခိုင်းခိုင်း assignment
ဖြေတဲ့ အရည်အချင်းအတွက် အမှတ် ၂၀ ပေးထိုက် တယ်လို့ ထင်နေကြတယ်။ မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ကြည့်ပါ။

အဲလိုပုံစံနဲ့ရေးတင် တဲ့ assignment အဖြေတွေကို
ဆရာဆရာမတွေက Day ကျောင်းသားစာသင်ရင်းနဲ့
ခေါင်းမဖေါ် နိုင်အောင် စစ်ပေးနေရင်း research လုပ်ဖို့မပြောပါနဲ့ assignment တွေကိုပဲစုံမစုံတိုက်ခြင်း စစ်ရခြင်း အမှတ်သွင်းရခြင်း ဆိုတဲ့ research တွေပဲလုပ်နေရတာအဓိပ္ပါယ်ရှိတယ်ထင်ပါသလား။

incompleteဖြစ်တဲ့ assignment စာရင်းတွေ
နောက်ကျအပ်တဲ့ assignment စာရင်းတွေ
တိုက်ကြည့်ရ ရှာဖွေရအဝေးသင် တက္ကသိုလ် staff တွေမှာလဲ ကျောင်းသားကိုယ်တိုင်ရေးတာမဟုတ်တဲ့ assignment တွေကိုပဲစုံမစုံ incomplete စစ်ရ ။ ပယ်ပစ်ရ ။အပ်တာနောက်ကျတဲ့late submission တွေကို အပ်တဲ့ရက်ကြည့်ပြီးရမှတ်ရဲ့အမှတ်တစ်ဝက် တွက်ပေးရခြင်း လုံးဝပယ်ခြင်းလုပ်ရတဲ့ work load တွေဖြစ်နေဆဲပါပဲ။

စာမေးပွဲမှာကျောင်းသားကဘယ်လောက်ဖြေနိုင်ပါစေ
အပယ်ခံတဲ့ incomplete assignment ပိုင်ရှင်ကျောင်းသား စာမေးပွဲ အချခံရတာ ကျောင်းသား ကိုယ်တိုင် မဖြေနိုင်လို့ ကျတယ်လို့ ထင်နေကြပါတယ်။
Ass ကြောင့် ကျတယ်လို ထင်မြင်တဲ့ကျောင်းသားတွေ ကနည်းပြီး ဖြေနိုင်ရဲ့သားနှင့် ကျတယ်လို့ ပဲ မြင်နေရ ကြားနေရပါတယ်။

ငွေပေး လူငှားရေးခိုင်း လူငှား အတင်ခိုင်းတဲ့assignment တင်ခြင်းမှာလဲသတ်မှတ်ရက်ဆိုတာကြီး နောက်ကျ
တင်ပေးလို့ ကလေးတွေ ကိုယ်တိုင်တောင်မသိပဲ စာမေးပွဲ ကျနေတာတွေကို ကျောင်းသား ကျောင်းသူတွေဟာ
ဖြေနိုင်ပါလျက်နှင့် ကျတယ်လို့ ပဲထင်မြင်နေကြပါတယ်။

ဒါ့ကြောင့် အတတ်နိုင်ဆုံး စာစဉ်ကို ကိုယ်တိုင်ရေးသားပြီး အချိန်မီတင်သွင်းခြင်းဟာ စာမေးပွဲ အနည်းငယ်မဖြေနိုင် ခြင်းကို အထောက်အကူဖြစ်စေပါသောကြောင့်
စာစဉ်ကိုယ်တိုင် ရေးသား၍ အချိန်မီတင်သွင်းပါရန် တိုက်တွန်းပါရစေ။

 

Credit : ဖိုးသူတော်-မုံရွာ

University / College Read 3135 times