အစိုးရနည်းပညာ အထက်တန်းကျောင်းများအတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူမည့် ရက်တိုးမြှင့်

အစိုးရနည်းပညာ အထက်တန်းကျောင်းများအတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူမည့် ရက်တိုးမြှင့်

၂၀၁၉-၂၀၂၀ ခု၊ ပညာသင်နှစ် အစိုးရနည်းပညာ အထက်တန်းကျောင်းများအတွက် ၀င်ခွင့်လျှောက်လွှာ ခေါ်ယူမယ့်ရက်ကို တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။


လျှောက်လွှာတွေကို ဇွန် ၁၂ ရက် အထိ တိုးမြှင့်လိုက်တာဖြစ်ပါတယ်။ အစိုးရနည်းပညာ အထက်တန်းကျောင်း ၃၅ ကျောင်းမှာ ပထမနှစ်သင်တန်း တက်ရောက်လိုသူတွေအတွက် ၀င်ခွင့်လျှောက်လွှာခေါ်ယူခဲ့ပြီး အခြေ ခံပညာ အလယ်တန်း (အဋ္ဌမတန်း) အောင်မြင်သူများအား မိမိတက်ရောက်လိုတဲ့ ကျောင်းတွေမှာ မေ ၂ ရက်မှ ၁၆ ရက် အထိ လျှောက်လွှာ တင်သွင်းရန်ကြေညာခဲ့ပါတယ်။

ကျောင်းများအနက် အစိုးရနည်းပညာ အထက်တန်း ကျောင်း (ဗန်းမော်၊ပူတာအို၊ လွိုင်ကော်၊ တီးတိန်၊ မင်းတပ်၊ ကလေး၊ ခ္တီး၊ ပခုက္ကူ၊ မြင်းခြံ၊ စစ်တွေ၊ ဟင်္သာတ၊ ပုသိမ်၊ လားရှိုး၊ တောင်ကြီး၊ ပင်လုံ၊ ကျိုင်းတုံ၊ ပင်းပက်၊ ကော့သောင်း) စုစုပေါင်း (၁၈) ကျောင်းရဲ့ ၀င်ခွင့်လျှောက်ထားရက်ကို တိုးမြှင့်လိုက်တာဖြစ်ပါတယ်။

 

source - Internet Journal

High Read 1224 times