ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကလေးများအတွက် စာဖတ်ပြိုင်ပွဲ ကျင်းပမည်

ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကလေးများအတွက် စာဖတ်ပြိုင်ပွဲ ကျင်းပမည်

ပြိုင်ပွဲကို အသက် ၇ နှစ် ကနေ (၁၅) နှစ် ကလေးတွေရဲ့ စာဖတ်တဲ့ အလေ့အထကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။

ဒီ Reading Challenge စာဖတ်ပြိုင်ပွဲကို အဆင့် ၂ ဆင့်နဲ့ ပြုလုပ်သွားမှာ ဖြစ်ပြီး ပထမအဆင့်အနေနဲ့ ဗြိတိသျှကောင်စီစာကြည့်တိုက်မှာ ခင်းကျင်းပြသထားတဲ့ Big Friendly Read collection က စာအုပ်တွေကို ရွေးချယ်ကာ အနည်းဆုံး ၆ အုပ် ပြည့်အောင် ဖတ်ရှုရမှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ဒုတိယအဆင့် အနေနဲ့ကတော့ မိမိဖတ်ရှုထားတဲ့ စာအုပ်တွေထဲကမှ နှစ်သက်ရာစာအုပ် တစ်အုပ် ကို ရွေးချယ်ပြီး အကျဉ်းချုပ် (Book Review) ရေးခြင်းဖြင့် လည်းကောင်း စာအုပ်ထဲမှာပါဝင်တဲ့ မိမိကြိုက်နှစ်သက်ရာ ဇာတ်ကောင်အားပုံတူရေးချယ်ပြီး (Drawing Competition) ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲအပြီးမှာ ပြိုင်ပွဲဝင်ကလေးငယ်များအတွက် ဆုပေးပွဲကို မိဘများနဲ့ ကလး များအား ဖိတ်ခေါ်၍ ကျင်းပပေးမှာ ဖြစ်ပါတယ်။

ဆုပေးမယ့်ရက်ကို မေလ ပထမအပတ်မှာ ကြေညာသွားမှာ ဖြစ်ပြီး စာဖတ်ပြိုင်ပွဲကို အသင်းဝင် ကလေး မည်သူမဆို ပါဝင်နိုင်ပြီး အသင်းမဝင်ရသေးပါကလည်း အသင်းဝင်ရောက်ကာ ပါဝင်ဆင်နွှဲ နိုင်မှာဖြစ်ပါတယ်။

Contact Detail

ဖုန်း ၀၁-၂၅၄၆၅၈၊ ၂၅၆၂၉၀ လိုင်းခွဲ ၃၃၁၆

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

News Read 2130 times