ယခုနှစ်တွင် အခြေခံပညာဆရာ၊ ဆရာမ ရာထူးတိုးအပြောင်းအရွှေ့ နှစ်ကြိမ်ရှိမည်ဟုဆို

ယခုနှစ်တွင် အခြေခံပညာဆရာ၊ ဆရာမ ရာထူးတိုးအပြောင်းအရွှေ့ နှစ်ကြိမ်ရှိမည်ဟုဆို

ယခုနှစ်အတွက် ရာထူးတိုးအပြောင်းအရွှေ့များမှာ မေလတွင် တစ်ကြိမ်နှင့် အောက်တိုဘာလတွင် တစ်ကြိမ်ရှိမည် ဖြစ်သည်။

လက်ရှိတွင် အထက်တန်းကျောင်းအုပ်နှင့် အလယ်တန်းကျောင်းအုပ် ရာထူးတိုး အပြောင်းအရွှေ့များ ဆောင်ရွက်ထားပြီး လာမည့်မေလတွင် သင်ကြားရေး ဆရာ၊ ဆရာမများ၏ ရာထူးတိုး အပြောင်းအရွှေ့များကို ဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

REAd - ယခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင် ကျောင်းသား/သူများ ရန်ကုန်နှင့် မန္တလေးရှိ တက္ကသိုလ်အချို့တွင် စိတ်ကြိုက်ရွေးချယ်တက်ရောက်ခွင့် ရရှိနိုင်ရန် စီစဉ်နေ

ထိုကဲ့သို့ ရာထူးတိုးအပြောင်းအရွှေ့များ နှစ်ကြိမ်စီ ရှိမည့်အပြင် ရာထူးတိုး အပြောင်းအရွှေ့အတွက် ရာထူးတိုး စာမေးပွဲ ဖြေဆိုထားသည့် ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးရုံး၊ AD တို့၏ ရာထူးတိုး အပြောင်းအရွှေ့များ၏ အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်တွင် တင်ပြပေးသွားမည်ဖြစ်သည်။

ထို့အပြင် ရာထူးစုံ တန်းစီဇယားများကိုလည်း ၀က်ဘ်ဆိုက်တွင် တင်ပြပေးသွားမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာသင်နှစ် စတင်ချိန်၌ ဆရာ၊ ဆရာမများ လစ်လပ်နေမှုကို အချိန်မီ ဖြည့်ဆည်းနိုင်ရန်အတွက် ရာထူးတိုး အပြောင်းအရွှေ့များကို ဆောင်ရွက်လျက်ရှိသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy

News Read 11849 times