နေ့စားလပေး မူပြတွေအတွက် ဆရာဖြစ်သင်တန်းကို ဧပြီလ ၂၄ ရက်နေ့ ဖွင့်မည်

နေ့စားလပေး မူပြတွေအတွက် ဆရာဖြစ်သင်တန်းကို ဧပြီလ ၂၄ ရက်နေ့ ဖွင့်မည်

ဆရာဖြစ်သင်တန်း မတက်ရသေးတဲ့ နေ့စားဆရာ ဆရာမတွေကို သင်ကြားရေး အခြေခံနည်းစနစ်တွေ သိထားပြီး လိုအပ်တဲ့ နည်းစနစ်တွေကို လေ့ကျင့်ပေးဖို့ပါ။

မြို့နယ် အခြေပြု ဆရာအတတ်ပညာ သင်တန်းတွေကို လာမယ့် ဧပြီ ၂၄ရက်နေ့ ကနေ မေလ ၂၃ ရက်နေ့အထိ တစ်လကြာ ပို့ချပေးမှာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ဝိဇ္ဇာဘွဲ့ နဲ့ သိပ္ပံဘွဲ့ရရှိပြီးသူတွေကို နေ့စားလပေး မူလတန်းပြဆရာ ဆရာမတွေအဖြစ် နှစ်စဉ် ခေါ်ယူခန့်ထားပေးတာ ဖြစ်ပါတယ်။

နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်တွေမှာ နေ့စားလပေး ဆရာ ဆရာမတွေအတွက် ဆရာအတတ်သင်ပညာ တစ်လ သင်တန်းကို ဖွင့်လှစ်ပို့ချပေးတာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ထိုဆရာ ဆရာမတွေကို သင်တန်းပြီးဆုံးပြီး လုပ်သက် တစ်နှစ်ပြည့်ပြီး သူတွေကို မူလတန်းပြဆရာ ဆရာမ အဖြစ် တိုးမြှင့်ခန့်ထားပေးတယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ အခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်နဲ့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်းမှာ နေ့စားလပေး မူလတန်းပြဆရာ ဆရာမဦးရေ ၅၀,ဝ၀ဝ ကျော်ကိုလည်း ခန့်ထားပေးဖို့ စီစဉ်နေပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေအလိုက် လစ်လပ်ဆရာ ဆရာမနေရာတွေအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ် အစိုးရအဖွဲ့တွေကနေ ခေါ်ယူခန့်ထားမယ်လို့ သိရပါတယ်။

လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာကျောင်းတွေမှာ မူလတန်း ပြဆရာ ဆရာမဦးရေ ၁၃၆,၇၂၆ ဦးနဲ့ ဖွဲ့စည်းထားပြီး လာမယ့်ပညာသင်နှစ် သုံးနှစ်အတွင်းမှာ ၁၂၆,၈၅၄ နေရာ ထပ်တိုး ခန့်ထားနိုင်ဖို့ လိုအပ်တဲ့ နေ့စားလပေး မူလ တန်းပြ ဆရာ ဆရာမတွေ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 10908 times