မူလတန်းကျောင်းသား/သူများကို နေ့စဉ်အချိန်ဇယားရေးဆွဲသင်ကြားပေးရန် ညွှန်ကြားထား

မူလတန်းကျောင်းသား/သူများကို နေ့စဉ်အချိန်ဇယားရေးဆွဲသင်ကြားပေးရန် ညွှန်ကြားထား

ဒုတိယတန်းသင်ရိုးသစ်ဗဟိုသင်တန်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ထားသည့် ဆရာ၊ ဆရာမများထံမှသိရသည်။

“အရင်နှစ်တွေက တချို့မူလတန်းကျောင်းတွေမှာ စာသင်ချိန်ဇယားရေးဆွဲ သင်ကြားတာမျိုး မရှိဘူး။ ဆရာတွေက သူတို့အဆင်ပြေသလို သင်ကြားရတာ တွေ့ရတယ်။ ဒီတော့ကလေးတွေမှာ စာအုပ်တွေသယ်ရတာများပြီး ကျောပိုးအိတ်လွယ်ရတဲ့ ဒဏ်ပိစေတယ်ပေါ့။ ဒါကြောင့် ကလေးတွေလည်း အဆင်ပြေအောင် နေ့စဉ် အချိန်ဇယားလေးနဲ့ စနစ်တကျ ရေးဆွဲသင်ကြားပေးမှာပါ” ဟု ပြောသည်။

READ - လာမည့်ပညာသင်နှစ် အခြေခံပညာကျောင်းပိတ်ရက် ၁၆၈ ရက်ရှိမည်ဖြစ်ပြီး ကျောင်းတက်ရက် ၁၉၇ ရက်ရှိ

မူလတန်းကျောင်းသား/သူများအနေဖြင့် သင်ယူရသည့် ဘာသာရပ်အားလုံး ၏ ပုံနှိပ်စာအုပ်၊ လေ့ကျင့်ခန်းစာအုပ်များကို နေ့စဉ် ကျောင်းသွား/ပြန် သယ်ဆောင်နေရပြီး တချို့ကျောင်းများ၌ တစ်ဘာသာကို သုံးလေးအုပ်ခွဲထားခိုင်းသည့်အတွက် ကလေးများအနေဖြင့် စာအုပ်သယ်ရသည့် ၀န်ပိနေရကြောင်း သိရသည်။

လာမည့် ပညာသင်နှစ်တွင် ဒုတိယတန်းသင်ရိုးသစ်၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ပန်းချီ၊ ဂီတ၊ ကာယ စသည်ဖြင့် ဘာသာရပ်ပေါင်း ၁၀ ခု အထိ ပါဝင်လာမည်ဖြစ်သည်။

ထို့သို့ ဘာသာရပ် ၁၀ ခုအထိ ပါဝင်လာသော်လည်း မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ စသည့် ဘာသာရပ်များ၏ ပုံနှိပ်စာအုပ်များကို ပေးဝေမည်ဖြစ်သည်။

ကျန်ဘာသာရပ်များ၏ ပုံနှိပ်စာအုပ်များကို စာသင်ချိန်မှသာ ထုတ်ပေးမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: မြ၀တီ

News Read 2120 times