နေ့စားလပေးမူလတန်းပြ ဆရာ၊ ဆရာမလျှောက်လွှာများကို ဧပြီ ၁ ရက် စတင်လက်ခံမည်

နေ့စားလပေးမူလတန်းပြ ဆရာ၊ ဆရာမလျှောက်လွှာများကို ဧပြီ ၁ ရက် စတင်လက်ခံမည်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်း ကျောင်းများ လိုအပ်သည့် မူလတန်းပြရာထူး နေ့စားလပေး ၀န်ထမ်း ငါးသောင်းခန့် အပ်ရန် စီစဉ်ထားပြီး ဧပြီ ၁ ရက်မှ ၂၂ ရက် အထိ လျှောက်လွှာလက်ခံမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို ဧပြီလ ၃၀ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါတယ်။

ရေးဖြေစာမေးပွဲ၌ (အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ) ဖြေဆိုရမည်ဖြစ်ပြီး မေလ ၁၀ ရက်နေ့ တွင် အောင်စာရင်းထွက်ရှိ မည်ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

လူတွေ့စစ်ဆေးခြင်းကို မေလ ၁၄ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ခန့်အပ်ထားသူများစာရင်းကို မေလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည် ဖြစ်ပါတယ်။

လာမည့် ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းကျောင်းများ၌ ကျောင်းအုပ်ကြီးတစ်ဦး အပါအ၀င် လက်ထောက် လေးယောက်ခန့် ထားရမည့် ဖွဲ့စည်းပုံ တိုးချဲ့ခန့်ထားရမည့် အစီ အစဉ်များကြောင့် နေ့စားလပေး မူလတန်းပြများ ခန့်အပ်ရန် တာ ၀န်ရှိသူများနှင့် ညှိနှိုင်းရမည်ဖြစ်ပါတယ်။

ဆရာ လိုအပ်ချက်များ ဖြည့်ဆည်းရာတွင် ဆရာအပြောင်းအရွှေ့ကို စတင်ပြုလုပ်မည်ဖြစ်ပြီး ရာထူးတိုး ဆက်လက်ပြုလုပ်ကာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသလိုအပ်ချက်အပေါ် မူတည်၍ ရာထူးတိုး အစီအစဉ် အပြောင်းအလဲရှိနိုင်ပါတယ်။

၂၀၁၆-၁၇ ပညာသင်နှစ်အတွက် နေ့စားလပေးမူလတန်းပြ များကို အခြေခံပညာ ဦးစီးဌာနက ၂၀၁၆ ဧပြီ ၁ရက်နေ့တွင် စတင်ခေါ် ယူခဲ့ပြီး ယင်းပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေ့စားလပေး မူလတန်းပြ နှစ် သောင်းကျော် ခန့်ထားကြောင်း အခြေခံပညာဦးစီးဌာနများ စာရင်းများအရ သိရသည်။

လာမည့် ပညာသင်နှစ် ၂ နှစ်အတွက် ပညာရေးဝန်ကြီးဌာနက မူလတန်းပြ ရာထူးနေရာများကို တစ်နှစ်လျှင် ငါးသောင်းနှုန်းဖြင့် ဖြည့်ဆည်းခန့်ထားနိုင်ရန် ရည်မှန်းထားပြီး နေ့စားလပေးမူလတန်းပြ ခေါ်ယူမှုများမှတစ်ဆင့် ခန့်ထားမည်ဖြစ်ကြောင်း၊ ခန့်ထား ပြီးသော နေ့စားလပေးမူလတန်း ဆရာ၊ ဆရာမများကိုလည်း နွေ ရာသီ ရက်တို သင်တန်းများ တက်ရောက်စေပြီး အမြဲတမ်းဝန်ထမ်း အဖြစ် ခန့်ထားနိုင်ရေး ဆောင်ရွက် မည်ဖြစ်ပါတယ်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာ မူလတန်းကျောင်း ၄၃,၉၃၀ တွင် မူလတန်းပြ ဆရာ၊ ဆရာမ ၁၃၀,၀၀၀ ကျော် ခန့်အပ်ထားကြောင်း သိရသည်။

မြန်မာ့ပညာရေးစနစ်တွင် အစိုးရပညာကျောင်းများ၌ ကျောင်းသား ၉ ဒသမ ၂ သန်းကျော်ရှိပြီး ဆရာ၊ ဆရာမ ၃ ဒသမ ၄ သိန်းကျော် ရှိနေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 10617 times