အခြေခံကျောင်း ဆရာ ဆရာမအသစ်တွေ ကျောင်းဖွင့်ချိန်အမီ ခန့်ထားမည်

အခြေခံကျောင်း ဆရာ ဆရာမအသစ်တွေ ကျောင်းဖွင့်ချိန်အမီ ခန့်ထားမည်

ကျောင်းဖွင့်ချိန် အမီထုတ်မယ်ဆိုတော့ ဒီလကုန်လောက်ဖြစ်မှာပါ၊ ခန့်ထားမယ့်ဦးရေအတိအကျ ပြောလို့မရသေးဘူး။

အခုပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေမှာ လိုအပ်နေတဲ့ ဆရာ ဆရာမနေရာတွေကို ခန့်ထားပေးမှာဖြစ်ပြီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းတွေအတွက် ခန့်ထားပေးမှာဖြစ်ပါတယ်။

ပညာရေးတက္ကသိုလ်က ဘွဲ့ရ ရှိပြီးသူတွေ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ကျွမ်းကျင်မှုဒီပလိုမာ သင်တန်းပြီးထားသူတွေ၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းပြီးထားသူတွကို ခန့်အပ်ပေးမှာဖြစ်ပြီး လိုအပ်ချက်တွေရှိပါက နေ့စားလပေး ဆရာ ဆရာမတွေကိုပါ ခန့်ထားပေးမယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

လောလောဆယ် ဆင်းပြီးသားရှိတဲ့ သင်တန်းသား အကုန်လုံး ၁၀,ဝ၀ဝ ကျော်လွှဲထားပြီးပြီ၊ ခန့်မှန်းခြေကျောင်းသား ဘယ်လောက်တော့ ကျောင်းပြီးသွားပါပြီဆိုတဲ့ စာရင်းကို အခြေခံပညာကို လွှဲရတယ်၊ အခြေခံကနေ သူ့တိုင်းနှင့်ပြည်နယ် ကျောင်းတွေအတွက် လိုအပ်တဲ့ကျောင်းတွေကို ခန့်ထားသွားမှာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ အခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်နဲ့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်းမှာ နေ့စားလပေး မူလတန်းဆရာ ဆရာမဦးရေ ၅၀,ဝ၀ဝ ကျော်ကိုလည်း ခန့်ထားပေးဖို့ စီစဉ်နေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တွေအတိုက် လစ်လပ်ဆရာ ဆရာမနေ ရာတွေအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့တွေကနေ ခေါ်ယူခန့်ထားမှာဖြစ်ပါတယ်။

လက်ရှိတစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံကျောင်းတွေမှာ မူလတန်းပြဆရာ ဆရာမဦးရေ ၁၃၆,၇၂၆ ဦးနဲ့ ဖွဲ့စည်းထားပြီး လာမယ့် ပညာသင်နှစ်သုံးနှစ်အတွင်းမှာ ၁၂၆,၈၅၄ နေရာထပ်တိုး ခန့်ထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေနဲ့ အခုနှစ်မှာ ပထမတန်း သင်ရိုးညွှန်းတမ်းသစ်ကို ပြောင်းလဲကျင့်သုံးမှာဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

သင်ရိုးညွှန်းတမ်းသစ်ဆိုင်ရာ သင်တန်းကို မေလ ၁၁ ရက်နေ့မှာ စတင်မှာဖြစ်တာကြောင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အသစ်ခန့်ထားပေးမယ့် ဆရာ ဆရာမတွေကို ၂၀၁၇ ခုနှစ် ဧပြီလ ကုန်မှာအပြီး ခန့်ထားပေးဖို့ကို သင်ရိုးညွှန်းတမ်းရေးဆွဲမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းဖြစ်တဲ့ JICA CREATE ကလည်း အခြေခံပညာဦးစီးဌာနကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

ပထမတန်း သင်ရိုးသစ်သင်တန်းကို အခြေခံပညာကျောင်းတွေက ဆရာ ဆရာမတွေတင်မဟုတ်ဘဲ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေက ဆရာ ဆရာမတွေ၊ ပုဂ္ဂလိကကျောင်းတွေက ဆရာ ဆရာမတွေနဲ့ နယ်စပ်ရေးရာ ကျောင်းတွေ အပါအဝင်အခြား ပညာရေးကျောင်းတွေက ဆရာ ဆရာမတွေကိုလည်း တက်ရောက်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 9239 times