နေ့စားလပေး သုံးသောင်းခန်အား မူလတန်းအခြေပြုသင်တန်းကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်ပြီး လုပ်ခလစာပေးမည်

နေ့စားလပေး သုံးသောင်းခန်အား မူလတန်းအခြေပြုသင်တန်းကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်ပြီး လုပ်ခလစာပေးမည်

၂၀၁၇ခုနှစ် ဧပြီလနှင့် မေလတို့ တွင် ဘွဲ့ရနေ့စားလပေးများအတွက် ဖွင့်လှစ်ခဲ့သော မြို့နယ် အခြေပြုမူလတန်း ဆရာအတတ်သင်တန်းများကို တက်ရောက်ခဲ့သော နေ့စားလပေး မူလတန်းပြ ၂၉၅၅၉ ဦးအား သင်တန်း တက်ရောက်ရသည့် တစ်လတာကာလအား တာဝန်ချိန်အဖြစ် သတ်မှတ်ပြီး လုပ်ခလစာများကို ချီးမြှင့်မည် ဖြစ်သည်။

အခြေခံပညာဦးစီးဌာနလက် အောက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်များမှ မြို့နယ်အခြေပြု မူလတန်း တစ်လ သင်တန်းအတွက် ဗဟိုအဆင့်နည်းပြသင်တန်းနှင့် မြို့နယ်အဆင့် သင်တန်းသားများအတွက် နေ့တွက်ကုန် ကျစရိတ် သန်းနှစ်ရာ့ခြောက်ဆယ် ကျော်ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အခြေခံပညာဦးစီးဌာနဘဏ္ဍာငွေမှ ကျခံပေးမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

“ဒီလိုချထားပေးတဲ့ ရန်ပုံငွေကနေ ဆရာ၊ ဆရာမတွေ သင်တန်းတက်တဲ့ ရက်အတိုင်း လစာငွေပေးအပ်ရမယ်။ သင်တန်းတက်လို့ အခမ်းအနားစရိတ်တို့၊ ဧည့်ခံကျွေးမွေးစရိတ်တွေကိ အ ကြောင်းပြပြီး ဆရာ၊ ဆရာမတွေရဲ့ လစာထဲက ဖြတ်တောက်ခွင့်မရှိပါဘူး။ တစ်လအပြည့်တက်ရင် တစ်လ အပြည့်စာပေးရပါမယ်"ဟု အခြေခံ ပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ထို့သို့ ချီးမြှင့်ရန်ချထားပေး မည့်ရန်ပုံငွေများကို ဘဏ္ဍာရေးစည်း မျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ သုံးစွဲရမည်ဖြစ်ပြီး ပိုမို သုံးစွဲခြင်းများ မပြုလုပ်ရန်ကိုလည်း ညွှန်ကြားထားကြောင်း သိရသည်။

ဒီနှစ်ကစပြီးလုပ်ပြီဆိုရင်တော့ နောက်နှစ်တွေလည်း သင်တန်းတက်ရင် တာဝန်ချိန်လို့သတ်မှတ်ပြီး လုပ်ခ လစာပေးပါလိမ့်မယ် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနမှ နှစ်စဉ် အခြေခံပညာ မူလတန်းကျောင်းများ အတွက် လိုအပ်သောမူလတန်းပြရာထူး နေရာကို ပညာရေးကောလိပ်ဆင်း များနှင့်ဖြည့်ဆည်းသလို ပြင်ပဘွဲ့ရရှိ ပြီး ဆရာ၊ ဆရာမလုပ်ကိုင်လိုသူများ အတွက် နေ့စားလပေးများအဖြစ်ခေါ် ယူပြီး နွေရာသီကျောင်းပိတ်ရက်များတွင် ဆရာဖြစ်သင်တန်းများ ပြန်လည် ပေးအပ်ပြီး အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်လေ့ရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခင်နှစ်က နေ့စားလပေးမူလတန်းပြ နှစ်သောင်းရှစ်ထောင်ကျော်ကိုခန့် ထားခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 4936 times