လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းကို သင်တန်းသား/သူ ၇၀၀၀ အထိ တိုးမြှင့်ဝင်ခွင့်ပေးမည်

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းကို သင်တန်းသား/သူ ၇၀၀၀ အထိ တိုးမြှင့်ဝင်ခွင့်ပေးမည်

ယခင်နှစ်အထိ ယင်းသင်တန်းကို သင်တန်းသား/သူ ၅၀၀၀ မှ ၆၀၀၀ အထိသာ ၀င်ခွင့်ပေးခဲ့ရာ ယခုနှစ်တွင် ဆရာ၊ ဆရာမများ ပိုမိုမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပြီး သင်တန်းသား/သူအရေအတွက်ကို ၇၀၀၀ အထိ တိုးမြှင့်ဝင်ခွင့်ပေးမည်ဖြစ်သည်။

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း၏ ၀င်ခွင့်စာရင်းများကို မတ် ၂၆ ရက်တွင် ထုတ်ပြန်မည်ဟု သတ်မှတ်ခဲ့သော်လည်း ၀င်ခွင့်ရဦးရေများ ထပ်မံတိုးလာမည်ဖြစ်သည့်အတွက် စာရင်းများ ထပ်မံပြုစုရန် မတ် ၂၈ ရက်တွင်သာ ထုတ်ပြန်မည်ဖြစ်သည်။

READ - မူလတန်း ဆရာအတတ်ပညာသင်တန်းဝင်ခွင့် ကြေညာမည့်ရက် ပြောင်းလဲ

သင်တန်းဝင်ခွင့်ရသူများသည် စာတွေ့သင်ကြားသည့် လေးလတာ ကာလကို တစ်လလျှင် ကျပ်သုံးသောင်း ထောက်ပံ့ကြေးပေးမည်ဖြစ်ပြီး လက်တွေ့တန်းပြဆင်းသည့် နှစ်လတာကို တစ်ရက်လျှင် ကျပ် ၁၁၀၀ နှုန်း ရရှိမည်ဖြစ်သည်။

ယခုနှစ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းဝင်ခွင့်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၄၈၀၀၀ ခန့် ၀င်ရောက်ဖြေဆိုခဲ့ကြသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 2072 times