ဆရာ၊ ဆရာမလိုအပ်ချက်အတွက် ပညာရေးကောလိပ်သင်တန်း နှစ်ခုမှ ဆရာ၊ ဆရာမ တစ်သောင်းကျော်ဖြင့် ဖြည့်ဆည်းသွားမည်

ဆရာ၊ ဆရာမလိုအပ်ချက်အတွက် ပညာရေးကောလိပ်သင်တန်း နှစ်ခုမှ ဆရာ၊ ဆရာမ တစ်သောင်းကျော်ဖြင့် ဖြည့်ဆည်းသွားမည်

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများတွင် ခန့်ထားရန်အတွက် နှစ်စဉ်လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း (PPTT) နှင့် မူလတန်းပြ ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း (DTEd) သင်တန်းများကို ဖွင့်လှစ်ပြီး ဆရာ၊ ဆရာမများကို မွေးထုတ်ကာ ခန့်ထားပေးလျက်ရှိသည်။

လာမည့် ပညာသင်နှစ်အတွက် ထိုသင်တန်းနှစ်ခုမှ ဆရာ၊ ဆရာမတစ်သောင်းကျော်ကို အခြေခံပညာ ဦးစီးဌာနသို့ လွှဲအပ်ထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပြီးခဲ့နှစ်က ဒီဇင်ဘာက အခြေခံကို PPTT က ငါးထောင်ကျော်နဲ့ DTEd က ငါးထောင်ကျော်ကို လွှဲပေးထားဖြစ်ပြီး စာမေးပွဲသင်တန်းတွေနဲ့ ရှုပ်နေတော့ မခန့်ထားရသေးဘူးထင်ပါတယ်။

လာမည့်ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်းများအတွက် နေ့စားလပေး မူလတန်းပြများကို တတ်နိုင်သမျှ ခန့်ထားမှုမလုပ်တော့ဘဲ ပညာရေးကောလိပ်ဆင်းများဖြင့်သာ ဦးစားပေးခန့်ထားမည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီး ယင်းကဲ့သို့ ပြုလုပ်ပါက ဆရာ၊ ဆရာမလိုအပ်ချက် မြင့်တက်လာနိုင်ကြောင်း၊ အချို့ဒေသများတွင် သင်တန်းဆင်းများ ခန့်အပ်ပြီးပါကလည်း ဆရာ၊ ဆရာမလိုအပ်ချက်မှာ မြင့်မားနေဆဲဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးရုံးများမှ သိရသည်။

လက်ရှိမှာ သင်တန်းဆင်းအရေအတွက်နဲ့ ရာထူးတိုးပြောင်းတွေရှိတာကို တွက်ချက်ကြည့်တော့ လစ်လပ်နေရာက ၁၅၀၀ လောက် ရှိနေပါတယ်။

လက်ရှိတွင် အခြေခံပညာမူလတန်းကျောင်း သုံးသောင်းကျော်ရှိပြီး ပညာရေးဝန်ကြီးဌာနမှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် နေ့စား လပေး မူလတန်းပြ ငါးသောင်းဝန်းကျင်၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ငါးသောင်းဝန်းကျင်၊ ယခင်နှစ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်သောင်းကျော် ခန့်အပ်ခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 7762 times