ယခုပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ နေ့စားလပေးမူလတန်းပြ ၈၀၀ ၀န်းကျင် ခန့်အပ်မည်

ယခုပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ နေ့စားလပေးမူလတန်းပြ ၈၀၀ ၀န်းကျင် ခန့်အပ်မည်

အခြေခံပညာကျောင်းများတွင် လစ်လပ်နေသော မူလတန်း ပြနေရာများကို ပြန်လည်ဖြည့် တင်းရန်၊ ယခုပညာသင်နှစ်တွင် ကျောင်းအဆင့်များ တိုးမြှင့်ပေး ခြင်းကြောင့် လိုအပ်မည့် ဆရာ၊ ဆရာမနေရာများကို ဖြည့်ဆည်း ရန် နေ့စားလပေး မူလတန်းပြ ဆရာ၊ ဆရာမအသစ်များ ခေါ်ယူ ခန့်ထားမည်ဖြစ်သည်။

‘‘ရန်ကုန်တိုင်းဒေသကြီးအတွက် ခေါ်ယူဖို့ လိုအပ်တဲ့ နေ့စား လပေးမူလတန်းပြအရေအတွက် ကိုတော့ အခြေခံပညာဦးစီးဌာနကို တင်ပြထားပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

လျာထားအရေအတွက်က ၇၉၄ ဦးပါ။ တစ်နိုင်ငံလုံးနဲ့ အရေအတွက် ညှိခေါ်ရတာဖြစ်တော့ အခြေခံပညာဦးစီး ဌာနရဲ့ ညွှန်ကြားချက်ကို စောင့် နေတာပါ’’ဟု ရန်ကုန်တိုင်းဒေသ ကြီး ပညာရေးမှူးရုံး ဒုတိယညွှန် ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

နေ့စားလပေး မူလတန်းပြ ဆရာ၊ ဆရာမများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ခေါ်ယူ ခန့်ထားခြင်း ဖြစ်ပြီး ခေါ်ယူမည့်အချိန်နှင့် အသေးစိတ်အချက်အလက်များကို နိုင်ငံပိုင်သတင်းစာများတွင် ကြေညာမည်ဟု ဆိုသည်။

နေ့စားလပေး မူလတန်းပြ ရာထူးနေရာများအတွက် အသက် (၄၀) နှစ်နှင့်အောက် ပါရဂူဘွဲ့ရ များ၊ အသက် (၃၅)နှစ်နှင့်အောက် မဟာဘွဲ့ရများ၊ အသက် (၃၀) နှစ်နှင့်အောက် ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့ရများကို ရေးဖြေ၊ နှုတ်ဖြေစစ်ဆေး၍ ခန့်ထားကာ မြို့နယ်အခြေပြု ဆရာအတတ် ပညာသင်တန်းများ တက်ရောက်ပြီးဆုံးပါက နေ့စား လပေးမူလတန်းပြမှ နိုင်ငံ့ဝန်ထမ်း မူလတန်းပြအဖြစ် ခန့်ထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 6766 times