ယခုနှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်းတွင် မသန်စွမ်းသူများကိုပါ ထည့်သွင်း ရွေးချယ်သွားမည်

ယခုနှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်းတွင် မသန်စွမ်းသူများကိုပါ ထည့်သွင်း ရွေးချယ်သွားမည်

၂၀၁၈ ခုနှစ်အတွက် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (၅/၂၀၁၈) ကို ဧပြီ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

လျှောက်ထားလာသူများအား ဖေဖော်ဝါရီလက ရေးဖြေစာမေးပွဲကျင်းပပြီး ၀င်ခွင့်ပြုရန် စိစစ်လျက်ရှိသည်။

ယင်းစာမေးပွဲ၏ အောင်စာရင်းများကို ယခုလနောက်ဆုံးအပတ်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ယခင်နှစ်များကလို လူတွေ့စစ်ဆေးမှုများ ပြုလုပ်မည်မဟုတ်တော့ပါ။

ရေးဖြေစာမေးပွဲအောင်မြင်သောသူများသည် သင်တန်းကို တစ်ခါတည်း တက်ရောက်ရမည် ဖြစ်သည့်အတွက် အောင်စာရင်းတွင် Disable များ ပါဝင်ပါကလည်း ယင်းတို့ကို ဖြုတ်ချချန်ခဲ့တော့မည်မဟုတ်ကြောင်း အဆင့်မြင့်ပညာရေးဦးစီးဌာနမှ သိရသည်။

READ - အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမ ရှစ်သောင်းကျော် လိုအပ်နေ

ယခင်နှစ်က လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်းရွေးချယ်ခေါ်ယူရာတွင် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများဖြစ်ပါက လျှောက်ထားခွင့်မရှိဟု ကန့်သတ်ခေါ်ယူခဲ့ရာ ဝေဖန်မှုများ နှင့် ကြုံတွေ့ခဲ့ရသည့်အတွက် ယခုနှစ်တွင် ယင်းကန့်သတ်ချက်ကို ပယ်ဖျက်ပြီး ထည့်သွင်းခေါ်ယူခဲ့ရခြင်းဖြစ်သည်။

ယခုနှစ်တွင် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၄၈၀၀၀ ကျော် ၀င်ရောက်ဖြေဆိုခဲ့ပြီး ယင်းတို့အထဲမှ ခြောက်ထောင်ကျော် ရွေးချယ်မည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 1684 times