လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၁၈) ရေးဖြေအောင်စာရင်းများ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်မည်

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၁၈) ရေးဖြေအောင်စာရင်းများ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်မည်

ယခုနှစ်တွင် ထိုသင်တန်းကို သင်တန်းသားရွေးချယ်ရာ၌ မြို့နယ်အလိုက် မူလတန်းကျောင်းသား အရေအတွက်များသော ဒေသများရှိ ပညာရေးကောလိပ်များကို သင်တန်းသား ပိုမိုဝင်ခွင့်ပေးသွားမည်ဖြစ်သည်။

“လာမယ့် ၂၁၊ ၂၂ ရက်လောက်ဆိုရင် အောင်စာရင်းများကို လာယူခိုင်းမယ်။ စီမံချက်အရ ၂၆ ရက်နေ့မှ ထုတ်ပြန်ဖို့ လုပ်ထားတယ်။ လူတွေ့ကတော့ မရှိဖို့ များသွားပြီ။ ဒီနှစ် ရွေးချယ်တာကိုတော့ အအောင်၊ အရှုံးမသတ်မှတ်ဘဲ အမှတ်အများဆုံး လူကနေ သတ်မှတ်တဲ့ဦးရေအထိ စဉ်ချပြီး ရွေးတယ်” ဟု ပြောသည်။

READ - ၁၉ ကြိမ်မြောက် (PGDMA) အခြေခံပညာ အလယ်တန်းပြ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်

ဧပြီလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရေးဖြေနှင့် လူတွေ့စစ်ဆေးမှုများကို အောင်မြင်ပြီး သင်တန်းဝင်ခွင့်ရရှိသူများအနေဖြင့် သင်တန်းတက်ရောက်ခြင်း မရှိပါက လျော်ကြေးငွေ သုံးသိန်းကို ပေးဆောင်ရန်အတွက် ယခုနှစ်မှစတင်ပြီး တိုးမြှင့်သတ်မှတ်လိုက်သည်။

ယခင်က ၀င်ခွင့်ရရှိပြီး သင်တန်းမတက်ပါက လျော်ကြေးကျပ်ငါးသောင်းသာ ပေးဆောင်ခဲ့ရသည်။

သင်တန်းကို ယာယီသာတက်ရောက်လေ့ရှိသည့်အတွက် အမှန်တကယ် သင်တန်းတက်ရောက်လိုသူများ နစ်နာနေရသည့်အတွက် တိုးမြှင့်သတ်မှတ်လိုက်ရခြင်း ဖြစ်သည်။

ယခုနှစ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၄၀၀၀၀ ကျော် ၀င်ရောက်ဖြေဆို ခဲ့ပြီး ၆၀၀၀ ကျော် ၀င်ခွင့်ပေးမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 2849 times