မူလတန်း ဆရာအတတ်ပညာသင်တန်းဝင်ခွင့် ကြေညာမည့်ရက် ပြောင်းလဲ

မူလတန်း ဆရာအတတ်ပညာသင်တန်းဝင်ခွင့် ကြေညာမည့်ရက် ပြောင်းလဲ

မတ်လနောက်ဆုံး ပတ်သို့ ရွှေ့ဆိုင်းခဲ့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၈ ဧပြီတွင် ဖွင့်လှစ်မည့် PPTT အမှတ်စဉ် (၅/၂၀၁၈) သင် တန်းသို့ သင်တန်းဝင်ခွင့်လျှောက် ထားသူ လေးသောင်းကျော်ရှိသော် လည်း ၀င်ဆံ့အနေအထားအရ ၆,၀၀၀ ခန့်သာ လက်ခံနိုင်မည်ဖြစ် ပြီး ရွေးချယ်ခံရပြီး သင်တန်းမ တက်ရောက်ပါက လျော်ကြေး ကျပ်သုံးသိန်း အထိ ပေးဆောင်ရန် ပညာရေးဝန်ကြီးဌာနက သတ် မှတ်ထားသည်။

PPTT အမှတ်စဉ် (၅/၂၀၁၈) သင်တန်းဝင်ခွင့်အတွက် အင်္ဂလိပ် စာနှင့် အထွေထွေဗဟုသုတရေး ဖြေ စာမေးပွဲကို ဖေဖော်ဝါရီက ကျင်းပခဲ့ပြီး ရေးဖြေအောင်စာရင်း ကို မတ်လ ၉ ရက်၊ လူတွေ့နှုတ်ဖြေအောင်စာရင်းကို မတ်လ ၂၆ ရက်တွင် ထုတ်ပြန်မည်ဟု မူလကကြေညာခဲ့သည်။

READ - အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမ ရှစ်သောင်းကျော် လိုအပ်နေ

‘‘မတ်လ ၉ ရက်က အောင် စာရင်းထွက်မယ်ဆိုလို့ အောင်စာ ရင်းလာကြည့်ကြတာ။ ကျောင်း ရောက်မှ ရက်ရွှေ့တယ်ဆိုတာ သိရတော့ အဆင်မပြေဖြစ်သွား တာပေါ့။ ဒါကသင်တန်း အချိန် နည်းနည်းနဲ့ ပြီးတာနဲ့ အလုပ်ရ တော့ လျှောက်တဲ့သူများတယ်။ လူအများကြီးထဲက အရွေးခံရမှာ ဆိုတော့ ရေးဖြေအောင်စာရင်းကို စောင့်နေကြသူများတယ်။ အခုက ဘယ်ရက်လို့တော့ မပြောလိုက် ဘူး’’ဟု ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်မှ PPTT ၀င် ခွင့်ဖြေဆိုသူတစ်ဦးက ပြောသည်။

PPTT သင်တန်းသို့ ၂၀၁၈ မေလ ၃၁ ရက်တွင် အသက် (၃၀) နှစ်ထက် မကြီးသည့် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများနှင့် ၀န် ထမ်းဖြစ်ပါက (၃၅) နှစ်ထက်မ ကြီးသူများ သက်ဆိုင်ရာဌာန၀န် ထမ်းအဖွဲ့အစည်း အကြီးအကဲ ခွင့် ပြုချက်ဖြင့် လျှောက်ထားခွင့်ပြု ထားသည်။

ပညာရေးကောလိပ်များတွင် စာတွေ့ လေးလ၊ အခြေခံပညာ ကျောင်းများတွင် လက်တွေ့နှစ်လ သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ မြို့နယ်များရှိ အခြေခံပညာကျောင်းများ၌ မူလတန်းပြဆရာအဖြစ် ခန့်အပ်မည် ဖြစ်သည်။ 

မူလတန်းပြဆရာလိုအပ်ချက် ဖြည့်ဆည်းရန် လုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ် ပညာသင်တန်း (PPTT) ကို ၂၀၁၄ တွင် ပထမအကြိမ် စတင်ဖွင့်လှစ် ခဲ့သည်။ 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 5841 times