ပညာရေးကောလိပ် ၂၀ ကျော်တွင် ခြောက်လတာ တက်ရောက်ရမည့် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT 5/2018) ၀င်ခွင့် လျှောက်လွှာလက်ခံခြင်းအား ယခုလ ၁၂ ရက် နောက်ဆုံးထား လက်ခံမည်ဖြစ်သည်။
ယင်းသင်တန်း၏ ၀င်ခွင့်ရေးဖြေစာမေးပွဲကို လာမည့် ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပရန် လျာထားကြောင်း၊ ယခုနှစ်အတွက် သင်တန်းဝင်ခွင့်စာမေးပွဲကို ပညာရေးကောလိပ်များတွင်သာ ဖြေဆိုရမည်ဖြစ်သည်။
READ - န၀မတန်း၊ ဒသမတန်းအောင် တိုင်းရင်းသားဒေသခံငါးထောင်ကျော်ကို နေ့စားလပေးဆရာများအဖြစ် စတင်ခန့်ထား
ထိုသင်တန်းသို့ တက်ရောက်ခွင့်ရရှိသူများသည် စာတွေ့လေးလနှင့် လက်တွေ့တန်းပြ နှစ်လ၊ စုစုပေါင်း ၆ လ တက်ရောက်ရမည်ဖြစ်သည်။
သင်တန်းပြီးဆုံးပါက မူလတန်းဆရာအတတ်ပညာ လက်မှတ်ကို ချီးမြှင့်မည်ဖြစ်ပြီး မူလတန်းပြအဖြစ် ခန့်ထားသွားမည် ဖြစ်သည်။
မူလတန်းပြအဖြစ် ခန့်ထားခြင်းခံရသူများသည် ဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင် ရမည် ဖြစ်ကြောင်း သိရသည်။
နှစ်စဉ်သင်တန်းဝင်ခွင့်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာရေးကောလိပ် ၂၀ ကျော်တွင် ယင်းသင်တန်း ၀င်ခွင့်ရရှိရန် လျှောက်ထားသူ လေးသောင်းကျော်မှ ငါးသောင်းဝန်းကျင်ရှိပြီး ၀င်ခွင့်ရရှိသူမှာ ငါးထောင်မှ ခြောက်ထောင်သာ ရှိကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today