အခြေခံပညာကျောင်းများတွင် ကန်ထရိုက်စာချုပ်ဖြင့် သင်ကြားရေး ဆရာ၊ ဆရာမများ ခန့်ထားရန် စီစဉ်

အခြေခံပညာကျောင်းများတွင် ကန်ထရိုက်စာချုပ်ဖြင့် သင်ကြားရေး ဆရာ၊ ဆရာမများ ခန့်ထားရန် စီစဉ်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် လိုအပ်ချက် ရှိပါက ကန်ထရိုက်စာချုပ်ဖြင့် သင်ကြားရေးဆရာ၊ ဆရာမများ ခန့်ထားနိုင်ရန်အတွက် အခြေခံပညာ ဦးစီးဌာနမှ စီစဉ်လျက်ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်ချက်စာရင်းများကို ပြုစုတင်ပြရန် ညွှန်ကြားထားသည်။

ကန်ထရိုက်စာချုပ်ဖြင့် ခန့်ထားမည့်သူများကို ဝေးလံသော ဒေသများတွင် တာဝန်ထမ်းဆောင် စေမည်ဖြစ်ကြောင်း သိရသည်။

READ - မူလတန်းပြ ဆရာ၊ ဆရာမနှစ်သိန်းခန့်ကို ဒုတိယတန်းသင်ရိုးသစ် နည်းပြသင်တန်း ပေးမည်

သင်ကြားရေး ဆရာ၊ ဆရာမများလိုအပ်ချက်အရ ကန်ထရိုက်စာချုပ်ဖြင့် ခန့်ထား ခြင်းကို လာမည့် ပညာသင်နှစ်အတွက် ကြိုတင်စာရင်း တောင်းခံထားခြင်းများ ဖြစ်သည်။

ပညာရေးဌာနမှ ကင်းကွာနေသူများ၊ နုတ်ထွက်ထားသူများ လျှောက်ထားနိုင်မည် ဖြစ်သည်။

မူလတန်းပြအဖြစ် လျှောက်ထားလိုပါက မဆယ သင်တန်းဆင်းလက်မှတ် တင်ပြနိုင်သူများ၊ အလယ်တန်းပြအတွက် လစယ သင်တန်းဆင်း လက်မှတ် ပြနိုင်သူများနှင့် အထက်တန်းပြအတွက် ဘီအီးဒီပညာရေးဘွဲ့ ရရှိထားသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

“လာမည့်နှစ်အတွက် ကြိုလုပ်ထားတယ်လို့ ကြားတယ်။ လျှောက်ချင်တယ်ဆိုရင်တော့ နီးစပ်ရာ မြို့နယ်ပညာရေးမှူးရုံးတွေများ စုံစမ်းကြည့်နိုင်ပါတယ်” ဟု ပြောသည်။

လက်ရှိပညာသင်နှစ်အထိ အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမသုံးသိန်း ကိုးသောင်းကျော် တာဝန်ထမ်းဆောင်လျက်ရှိနေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 7600 times