အလယ်တန်းပြ (ကာယပညာ) ဆရာ၊ ဆရာမ သင်တန်းသား ဦးရေ (၄၀၀) ဦး ခေါ်မည်

အလယ်တန်းပြ (ကာယပညာ) ဆရာ၊ ဆရာမ သင်တန်းသား ဦးရေ (၄၀၀) ဦး ခေါ်မည်

၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်သော အစည်းအဝေးအရ အလယ်တန်းပြ(ကာယပညာ) ဆရာ၊ ဆရာမ သင်တန်းသား ဦးရေ(၄၀၀)ဦး ခေါ်ဆိုသွားမည် ဖြစ်ပါ သည်။

လျှောက်လွှာပုံစံများကို နေပြည်တော်ရုံးချုပ်မှ သက်ဆိုင်ရာ တိုင်း/ပြည်နယ်ပညာရေးမှူးရုံးများကို မတ်လ အတွင်းပေးပို့သွားမည်ဖြစ်ပါသည်။

တိုင်းမှခရိုင်မြို့နယ် အဆင့်ဆင့်ပုံစံများကို ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။

မြို့နယ်ရုံးများတွင် လျှောက်လွှာလက်ခံမည့်ရက်ကို ထပ်မံကြေညာပါမည်။

သင်တန်းသား အရည်အချင်းသတ်မှတ်ချက်

(က) ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဘွဲ့တစ်ခုရရှိပြီးသူ အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်၊ မူလတန်းပြ ဆရာ၊ ဆရာမဖြစ်ပြီး ၃၁.၃.၂၀၁၉ ရက်နေ့တွင် (ကျား) အသက် (၃၅) နှစ်နှင့်အောက်၊ (မ) အသက် (၃၀) နှစ်နှင့် အောက်ရှိသူ ဖြစ်ရမည်။ အားကစားအဆင့် (အမှန်တကယ် ထူးချွန်သူ ဖြစ်ပါက) အသက်ကို လျှော့ပေါ့စဉ်းစားမည်။

(ခ) (၃၀.၆.၂၀၁၉) ရက်နေ့တွင် ပညာရေးဌာန လုပ်သက် (၂) နှစ်ပြည့်သူဖြစ်ရမည်။ အားကစားအဆင့် (အမှန်တကယ် ထူးချွန်သူဖြစ်ပါက) လုပ်သက်ကို လျှော့ပေါ့ စဉ်းစားမည်။

(ဂ) ကာယပညာနှင့် အားကစားလုပ်ငန်းများကို စိတ်ပါဝင်စားသူဖြစ်ကြောင်းနှင့် ကာယပညာ ဆရာ၊ ဆရာမတစ်ဦးတွင် ရှိသင့်သည့် အားကစား အရည်အချင်းရှိကြောင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်များရှိ လက်ထောက်ညွှန်ကြားရေးမှူး (ကာယပညာ) များ၏ ထောက်ခံချက်ပါရှိရမည်။

(ဃ) ကာယပညာနှင့်အားကစား အခြေခံနည်းပြ သင်တန်း တက်ရောက်နိုင်သည့် ကျန်းမာမှုရှိကြောင်း ကျန်းမာရေးဌာန၏ ထောက်ခံချက်ပါရှိရမည်။ (ကိုယ်ဝန်ရှိသူများကို သင်တန်းသို့ တက်ရောက် ခွင့်ပြု မည် မဟုတ်ပါ)

(င) အမျိုးသားဖြစ်ပြီး အမျိုးသမီးကဲ့သို့ အပြုအမှု ရှိသူ၊ အမျိုးသမီးဖြစ်ပြီး အမျိုးသားကဲ့သို့ အပြုအမှု ရှိသူများ သင်တန်းသို့ လျှောက်ထားခွင့်မပြုပါ။

သင်တန်းကာလ - ၂၀.၄.၂၀၁၉ ရက်နေ့မှ ၃၀.၅.၂၀၁၉ ရက်နေ့အထိ။

သင်တန်းသို့ ယူဆောင်လာရမည့် စာရွက်စာတမ်းများနှင့် အသုံးအဆောင်ပစ္စည်းများ

(က) တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံး၏ သင်တန်းစေလွှတ်သည့်စာ

(ခ) ပြီးခဲ့သည့် (၁) လအတွင်း ရိုက်ကူးထားသည့် လိုင်စင်ဓာတ်ပုံ (၅) ပုံ

(ဂ) အောင်လက်မှတ်၊ သင်တန်းဆင်းလက်မှတ်၊ ထောက်ခံချက်၊ ဆေးစစ်ချက်မှတ်တမ်း စသည့် အထောက်အထား (မူရင်း)

(ဃ) ဆရာ၊ ဆရာမဝတ်စုံ၊ အားကစားဝတ်စုံ၊ ဖိနပ် နှင့် အားကစားအသုံးအဆောင်ပစ္စည်းများ

(င) အိပ်ယာလိပ်၊ ဇွန်း၊ ပန်းကန်၊ မတ်ခွက်၊ ရေချိုးခန်းသုံးပစ္စည်းနှင့် တစ်ကိုယ်ရည် အသုံးအဆောင်များ

သင်တန်းသားစိစစ်ရွေးချယ်ခြင်း

၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ မှ (၄) ရက်နေ့အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သင်တန်းသား စိစစ်ရွေးချယ်ရေးကော်မတီများက စိစစ်ရွေးချယ်ပြီး ၅.၄.၂၀၁၉ ရက်နေ့တွင် အခြေခံ ပညာ ဦးစီးဌာန (ရုံးချုပ်) သို့ သင်တန်းသားအမည်စာရင်း ပေးပို့ရန် ဖြစ်ပါသည်။

စစ်ဆေးမည့်အကြောင်းအရာ - ကြံ့ခိုင်စွမ်းရည်(၅)မျိုး

နှုတ်ဖြေ

ကြံ့ခိုင်စွမ်းရည်(၅)မျိုးမှာ မီတာ-100/400/800၊ လက်ထောက်တွန်းတင်၊ အိပ်ထမတင်၊  စုန်ခုန်(ရပ်လျက်)။

ကြိုတင်ပြင်ဆင်ထားကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

READ - သင်ကြားရေး ဆရာ၊ ဆရာမများ၏ သုတေသနစာတမ်းရေးသားခြင်းများ ပြုစုပေးပို့ရန်

Ref: Phyo Mg Htay fb

News Read 8364 times