အခြေခံပညာကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားပေးမည့် PeaceCrops စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမသုံးဆတိုးမြှင့်

အခြေခံပညာကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားပေးမည့် PeaceCrops စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမသုံးဆတိုးမြှင့်

ဆရာမ ၃၁ ဦးတို့ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း၊ ယခခုနှစ်တွင် သုံးဆတိုးမြှင့်လိုက်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုမှ ပိစ်ကောသည် မြန်မာနိုင်ငံအတွင်းရှိ ရပ်ရွာလူထုများနှင့်အတူနေထိုင်ကာ စေတနာ့တာဝန်ထမ်းဆောင်မည့် Peace Crop

စေတနာ့ဝန်ထမ်းဦးရေအားသုံးဆတိုးမြှင့်လိုက်ပြီး အသစ်ရောက်ရှိလာသည့် စေတနာ့ဝန်ထမ်းသစ် ၃၁ ဦးတို့သည်ဧပြီ ၆ ရက်တွင် ကန်တော်ကြီးဥယျာဉ်ရှိကရဝိတ်နန်းတော်တွင်

ကျမ်းသစ္စာကျိန်ဆိုပွဲကိုပြုလုပ်ခဲ့ကြောင်း၊အဆိုပါစေတနာ့ဝန်ထမ်းများကို ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်နှင့်

အလယ်တန်းကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားပို့ချခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က “သင်တို့ဟာဝန်ထမ်းဆောင်ရာ နေရာဒေသကရပ်ရွာလူထုသင်တို့အကြားပေါ်ထါန်းလာမယ့် နှောင်ဖွဲ့မှုများဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ

အရေးပါတဲ့ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုပါတယ်” ဟုပြောကြားခဲ့သည်။

ယခုရောက်ရှိလာသော စေတနာ့ဝန်ထမ်းသစ် ၃၁ ဦးတို့သည် တတိယမြောက်အဖွဲ့ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အနယ်နယ်အရပ်ရပ်မှလာရောက်ကြခြင်းဖြစ်ကြောင်း ယင်းတို့သည်ရက်သတ္တပတ်ဆယ်ပတ်အကြာ မြန်မာဘာသာစကားမြန်မာ့ယဉ်ကျေးမှု၊သင်ကြားရေးစွမ်းရည်၊ကျန်းမာရေးနှင့်ဘေးကင်လုံခြုံရေးဆိုင်ရာသင်တန်းများတက်ရောက်ခဲ့ကြောင်းသင်တန်းကာလအတွင်းသင်ယူမှုများအတွက်

အထောက်အကူဖြစ်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး အတွင်းရှိရပ်ရွာများတွင်နေထိုင်ကာမြန်မာမိသားစုများထံမှ သင်ယူလေ့လာခြင်း မြန်မာကျောင်းသားများနှင့်ကျောင်းသင်ခန်းစာလက်တွေ့လေ့ကျင့်သင်ကြားမှုများကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

“သင်တို့တာဝန်ကျတဲ့ရပ်ရွားအတွင်း သင်တို့တာဝန်ထမ်းဆောင်မှုများကနေတစ်ဆင့် အမေရိကန်-မြန်မာယဉ်ကျေးမှုအပြန်အလှန်နားလည်မှုများနဲ့ချစ်ကြည်ရင်းနှီးမှုများအားကောင်းလာစေရန် အကူအညီပေးစေရမှာဖြစ်ပြီး နှစ်နိုင်ငံပြည်သူများရဲ့နှလုံးသားတွေပိုပြီးနီးကပ်စေမှာပါ”ဟု မြန်မာနိုင်ငံတာဝန်ခံမော်ဖောလ်တန်ကပြောသည်။

ပိစ်ကောအားအမေရိကန်သမ္မတဂျွန်အက်ဖ်ကနေဒီ မှစတင်တည်ထောင်ခဲ့ပြီး ၁၉၆၁ ခုနှစ် မတ် ၁ ရက်မှစတင်ပြီး နိုင်ငံပေါင်း ၄၁ နိုင်ငံတွင် အမေရိကန်နိုင်ငံသား နှစ်သိန်းသုံးသောင်းကျော်သည် တာဝန်ထမ်းဆောင်ပြီးဖြစ်ကြောင်း၊မြန်မာနိုင်ငံတွင် ယင်းအစီအစဉ်အား ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ကာ စေတနာ့ဝန်ထမ်းပေါင်း ၄၅ ဦးအထိရှိမည်ဖြစ်ကြောင်း သိရသည်။

source;Democracy

News Read 1544 times