နှစ်တန်းသင်ရိုးမှာ လူ့အခွင့်အရေးပညာပေး ထည့်သွင်းဖို့ကမ်းလှမ်း

နှစ်တန်းသင်ရိုးမှာ လူ့အခွင့်အရေးပညာပေး ထည့်သွင်းဖို့ကမ်းလှမ်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ လူ့ အခွင့်အရေးဆိုင်ရာပညာပေးရေးအစီအစဉ်ကို ပထမတန်းသင် ရိုးညွှန်းတမ်းအသစ်မှာကတည်းက စတင်ထည့်သွင်းနိုင်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ဆွေးနွေး ခဲ့ပေမယ့် ရေးဆွဲပြီးဖြစ်နေတဲ့အတွက်မထည့်သွင်းနိုင်ပါဘူး။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၆ ခုနှစ်ကစပြီး သင်ရိုးညွှန်းတမ်းတွေကို တစ်နှစ်ကိုတစ်တန်းနှုန်းနဲ့ အသစ်ရေးဆွဲနေတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ၂၀၁၇ ပညာသင်နှစ်အတွက် ပထမတန်းသင်ရိုးညွှန်းတမ်းအသစ် ကိုရေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာပညာပေးရေးအစီအစဉ်ကို ဒုတိယတန်းသင်ရိုးညွှန်းတမ်းအသစ်မှာ စတင်ထည့်သွင်းမယ်ဆိုရင် ၂၀၁၈ ပညာ သင်နှစ်မှာစတင်သင်ကြားရမှာပါ။  

အခုထိတော့ သူတို့ဘက်ကပြောထားတဲ့ အနေအထားလေး တိုင်းပဲရှိပါသေးတယ်၊

ဘာမှတော့ပြောလို့မရသေးပါဘူးလို့ ဒေါက်တာ ဇော်လတ်ထွန်းက ပြောပါတယ်။

ဒုတိယတန်းသင်ရိုးညွှန်းတမ်းအသစ်မှာ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးရေးအစီအစဉ်ကိုထည့်သွင်းနိုင်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တို့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။

လက်ရှိမှာလည်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် အနေနဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို တိုင်းရင်းသားဘာသာစကားတွေနဲ့ ဘာသာပြန်ဆိုထုတ်ဝေနေပါတယ်။

ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လတ်ထွန်းက လူ့အခွင့်အရေးအဖွဲ့နဲ့ ဆရာတို့ပြောထားတာတွေရှိပါတယ်၊ လောလောဆယ်တော့

ဒီကိစ္စကို ဆွေးနွေးထားဆဲပဲရှိပါသေး တယ်၊ အသေးစိတ်တော့ ဘာမှမ လုပ်ရသေးပါဘူး၊ သူတို့က ဆရာတို့ဆီကို ကမ်းလှမ်းထားတာပေါ့လို့ ပြောပါတယ်။

Ref: kumudra

News Read 2258 times