ဘီအီးဒီဘွဲ့ရရှိထားသော ဆရာ၊ ဆရာမများ မဟာပညာရေးဘွဲ့သင်တန်းကို လျှောက်ထားနိုင်

ဘီအီးဒီဘွဲ့ရရှိထားသော ဆရာ၊ ဆရာမများ မဟာပညာရေးဘွဲ့သင်တန်းကို လျှောက်ထားနိုင်

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အတွက် ပညာရေးကောလိပ်တွင် မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်) M.Ed (Q) သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ရာ အခြေခံပညာကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများထဲမှ ပညာရေးဘွဲ့ B.Ed ဘွဲ့ရရှိထားပြီး အခြေခံပညာကဏ္ဍရှိ ဦးစီးဌာန အသီးသီးတွင် လုပ်သက်ငါးနှစ် ရှိသူများ လျှောက်ထားနိုင်မည်။

လျှောက်ထားသူများကို အသက်ကန့်သတ်ထားခြင်းမရှိဘဲ သင်တန်းဝင်ခွင့်အတွက် ရေးဖြေနှင့် နှုတ်ဖြေ စာမေးပွဲ အောင်မြင်သူများ တက်ရောက်နိုင်မည်ဖြစ်သည်။

READ - အမေရိကန်ပညာရေးနှင့် မြန်မာနိုင်ငံပညာရေးရဲ့ စာသင်ကြားပုံ ကွာခြားချက်

မဟာပညာရေးဘွဲ့ကို တစ်နှစ်သင်တန်းအဖြစ် ဖွင့်လှစ်မည်ဖြစ်သည်။

ပညာရေးစိတ်ပညာ (သို့မဟုတ်) သင်ပြနည်းတစ်ခုကိုသာ ရွေးချယ်လျှောက်ထားရမည် ဖြစ်သည်။

တစ်ခုထက်ပိုမို ရွေးချယ်ထားသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း သက်ဆိုင်ရာအထူးပြုဘာသာရပ်များကို နှစ်နာရီမေးခွန်းအဖြစ် ဖြေဆိုရမည်။

သင်တန်းဝင်ခွင့်လျှောက်လွှာများကို မတ် ၂၆ ရက်တွင် စတင်လက်ခံသွားမည်ဖြစ်သည်။

ဧပြီလ ၁၈ရက်တွင် လျှောက်လွှာလက်ခံခြင်းကို ရပ်ဆိုင်းမည်ဖြစ်သည်။

ဝင်ခွင့်ရေးဖြေစာမေးပွဲကို ဧပြီလ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းကို ဧပြီ ၂၈ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 1969 times