ပထမတန်းသင်ရိုးသစ်တွင် အနုပညာ (ဂီတ) ဘာသာရပ် သင်ကြားမည်

ပထမတန်းသင်ရိုးသစ်တွင် အနုပညာ (ဂီတ) ဘာသာရပ် သင်ကြားမည်

အရင်က ပြဋ္ဌာန်းစာအုပ် မထုတ်ဘူး။ ဆရာတွေအတွက် သင်ထောက်ကူထုတ်ထားတာပဲ ရှိတယ်။

အခုကလေးတွေအတွက် ဖတ်စာအုပ်ထုတ်တဲ့အတွက် ဂီတသင်္ကေတ Note တွေဖတ်တတ် လာပြီး နိုင်ငံတကာအဆင့်မီလာမှာ ဖြစ်ပါတယ်။

အနုပညာဘာသာရပ်သင် ကြားရခြင်းသည် ကလေးများအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေမည် မဟုတ်ဘဲ ကျောင်းနေပျော်ပြီး အနုပညာရသကို မြတ်နိုးကာ စိတ်ထားများ နူးညံ့ပျော့ပျောင်းလာစေနိုင်ကြောင်း၊ နိုင်ငံတကာမှ ကလေးများအတွက် သင်ကြားသော အနုပညာဘာသာရပ်စာအုပ်များ လေ့လာပြီး သင်ရိုးအသစ် ရေးဆွဲခြင်းဖြစ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပြဿနာက ဆရာ၊ ဆရာမတွေက  သူတို့ မကျွမ်းကျင်တဲ့ ပညာရပ်ကို ကလေးတွေကို ပြန်သင်ရမှာ ကြောက်ကြခြင်း ဖြစ်ပါတယ်။

ကလေးတွေကို သင်ဖို့အတွက် ပညာရှင်ဖြစ်နေဖို့ မလိုပါဘူး။ အခြေခံသဘောတရားလောက် သိရင်ရပါတယ်။

ကလေးအများစုသည် အနုပညာဂီတနှင့် ပတ်သက်၍ စိတ်ဝင်တစား ပျော်ရွှင်စွာသင်ကြား လေ့ရှိပြီး ယင်းဘာသာရပ်ကို ပထမတန်းတွင် သင်ရိုးသစ်အဖြစ် သင်ကြားရမည်ဆိုပါက အခက်အခဲမရှိနိုင်ပါဘူး။

တိုင်းရင်းသားကလေး တွေ၊ ဗမာကလေးတွေ တော်တော်များများ အနုပညာဗီဇပါကြပါတယ်။

ဒီနှစ်ကျောင်းမှာ စုံညီပွဲတော် ပထမအကြိမ်စလုပ်တော့ ကလေးအယောက် ၈၀ လောက် ၀င်ကကြတယ်။

စင်ပေါ်ရောက် တဲ့အချိန်မှာ သင်ထားတုန်းကထက် ပိုကောင်းအောင် သူတို့လုပ် နိုင်ခဲ့တယ်။

အနုပညာဂီတနဲ့ ကလေးတွေက ရင်းနှီးပြီးသားဖြစ်တော့ ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားရင်လည်း အဆင်ပြေ မယ်လို့ ထင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 3269 times