လိုအပ်နေသည့် မူလတန်းပြရာထူးများတွင် နေ့စားလပေးများခန့်ထားရန် ညှိနှိုင်းမည်

လိုအပ်နေသည့် မူလတန်းပြရာထူးများတွင် နေ့စားလပေးများခန့်ထားရန် ညှိနှိုင်းမည်

ယခုပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော မူလတန်းပြရာထူးနေရာများကို ဘွဲ့ရ နေ့စားလပေးများဖြင့် ဖြည့်ဆည်းခန့်ထားမည် ဖြစ်ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘွဲ့ရနေ့စားလပေး မူလတန်းပြရာထူး နေရာ မည်မျှ ခန့်ထားရမည်ကို ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်သည်။

READ - ပညာရေးကောလိပ်ဝင်ခွင့်များကို စက်တင်ဘာလ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမည်

အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ် မတ်လအထိ အထက်တန်းပြလေးသောင်းကျော်၊ အလယ်တန်းပြတစ်သိန်းကျော်၊ မူလတန်းပြနှစ်သိန်းကျော်ကို ခန့်ထားခဲ့ပြီးနောက် ထပ်မံလစ်လပ်နေသည်မှာ အထက်တန်းပြ ၆၀၀၀ ကျော်၊ အထက်တန်းပြ (ကာယ) ၆၀၀ ကျော်၊ အလယ်တန်းပြ ၁၇၀၀၀ ကျော်၊ အလယ်တန်းပြ (ကာယ) ၂၂၀၀ ကျော်၊ မူလတန်းပြ တစ်သိန်းတစ်သောင်းကျော် လစ်လပ်နေသည်။

ယခုနှစ်အတွက် ပညာရေးကောလိပ် သင်တန်းအသီးသီးမှ သင်တန်းဆင်းထားသူ တစ်သောင်းကျော်ကိုသာ ပညာရေးဝန်ကြီးဌာန အနေဖြင့် ခန့်ထားခဲ့ပြီး အလယ်တန်းပြနှင့် အထက်တန်းပြ ရာထူးတိုးများကို ဆောင်ရွက်လျက်ရှိသည်။

ယခုပညာသင်နှစ်အတွက် နေ့စာလပေး မူလတန်းပြလေးသောင်းကျော်ကို ခန့်ထားရမည်ဟု ပညာရေးဝန်ကြီးဌာနမှ ခန့်မှန်းထားသည်။

“အထက်တန်းပြနေရာတွေကို စာချုပ်နဲ့ ခန့်ဖို့လည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီနေရာတွေက အရေအတွက်တော့နည်းတယ်” ဟု ပြောကြားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source : democracy today

News Read 5266 times