ရခိုင်ပြည်နယ်တွင် ဆရာ၊ ဆရာမများခန့်ထားပြီးသော်လည်း မူလတန်းပြရာထူးနေရာ ၂၀၀၀ ကျော် လိုအပ်နေသေး

ရခိုင်ပြည်နယ်တွင် ဆရာ၊ ဆရာမများခန့်ထားပြီးသော်လည်း မူလတန်းပြရာထူးနေရာ ၂၀၀၀ ကျော် လိုအပ်နေသေး

ယခုပညာသင်နှစ်အတွက် ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်းများအတွက် ရာထူးတိုး အပြောင်းအရွှေ့ များနှင့် ပညာရေးတက္ကသိုလ်၊ ကောလိပ်ဆင်းများကို ခန့်ထားရန်အတွက် အမိန့်စာများထွက်ရှိနေပြီး ယင်းတို့ အားလုံးကို ခန့်ထားပြီးစီးတော့မည်ဖြစ်ကြောင်း ယခုအခါ အဆိုပါခန့်ထားရေးကိစ္စများကို ဆောင်ရွက်ပြီးစီး ချိန်တွင် မူလတန်းပြရာထူးနေရာများတွင် လစ်လပ်မှုများ များစွာရှိလာခဲ့ကြောင်း၊ မူလတန်းပြရာထူးအတွက် ဦးရေ ၂၀၀၀ ကျော် လစ်လပ်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ရာထူးတိုးအပြောင်းအရွှေ့တွေကို အားလုံးပြီးတော့မယ်။ စာရင်းတွေကိုလည်း ရုံးချုပ်ကို တင်ဖို့ လုပ်ထားတယ်။ အားလုံးပြီးသွားရင်တော့ မူလတန်းမှာ ဦးရေ ၂၀၀၀ ကျော် လောက် လိုဦးမယ်။ ဒီနှစ်က ကျောင်းအဆင့်တိုးကို ၃၀၀ လောက်လုပ်ပေးထားတဲ့အတွက် ဆရာအင်အားက ပိုလိုလာတယ်။

READ - တက္ကသိုလ်စတက်မယ့် ကျောင်းသား၊ ကျောင်းသူတို့အတွက် နည်းလမ်းကောင်းများ

ရခိုင်ပြည်နယ်တွင် ပညာရေးတက္ကသိုလ်ဆင်းနှင့် ပညာရေးကောလိပ်ဆင်းများကို ဖြည့်ဆည်းခန့်ထား ပေးနေသော်လည်း လိုအပ်ချက်နှင့် လစ်လပ်နေရာမှာ များစွာ ကွာဟနေကြောင်း၊ သင်တန်းဆင်း အရေအတွက်မှာ လစ်လပ်နေရာများကို လုံလောက်စွာ ဖြည့်ဆည်းနိုင်သည့် အခြေအနေတွင် မရှိကြောင်း သိရသည်။

လိုတဲ့နေရာများကိုတော့ နေ့စားလပေးတွေနဲ့ ခန့်မယ်လို့တော့ကြားတယ်။ အခုထိတော့ ညွှန်ကြားချက်မလာသေးဘူး။ အထက်တန်းပြရာထူးနေရာဆိုရင်လည်း ဦးရေ ၃၀၀ လောက် လိုနေတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းပေါင်း ၄၀၀၀၀ ကျော်ရှိပြီး ယင်းကျောင်းများအတွက် ယခုနှစ်တွင် ပညာရေးတက္ကသိုလ်၊ ကောလိပ်ဆင်း တစ်သောင်းကျော်ကို ခန့်ထားခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 5864 times