အခြေခံပညာမူလတန်းကျောင်းများအတွက် မူလတန်းပြတစ်သောင်းဝန်းကျင် ခန့်ထားရန် လိုအပ်နေ

အခြေခံပညာမူလတန်းကျောင်းများအတွက် မူလတန်းပြတစ်သောင်းဝန်းကျင် ခန့်ထားရန် လိုအပ်နေ

မူလတန်းပြ ရာထူး နေရာများကို လက်ရှိအချိန်ထိ ဖြည့်ဆည်းခန့်ထားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လိုအပ်လျက်ရှိသော မူလတန်းပြ ရာထူးနေရာတစ်သောင်းဝန်းကျင်အတွက် ဘွဲ့ရ နေ့စားလပေးများဖြင့် ခန့်ထားမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ ပညာရေး ၀န်ကြီးဌာန ၀န်ကြီးရုံး၏ ဆုံးဖြတ်ချက် မရရှိသေးကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

နေ့စားလပေး မူလတန်းပြများကို ခန့်ထားရန်အတွက် မူလတန်းပြ လစ်လပ်နေရာ များကို တွက်ချက်ရာတွင် ကျောင်းသား၊ ဆရာအချိုး (၁ အချိုး၊ ၄၀) ဖြင့် တွက်ချက်ထားသည်။

READ - စနစ်သစ်သင်ရိုးအရ သူငယ်တန်းမှ တတိယတန်းအထိ စာမေးပွဲမစစ်ဆေးတော့

ယခုပညာသင်နှစ်တွင် နေ့စားလပေး မူလတန်းပြများကို ကျောင်းဖွင့်သည့် အချိန်မှ စတင်ပြီး ယခုအချိန်အထိ ခေါ်ယူထားခြင်းမရှိကြောင်း သိရသည်။

အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများတွင် မူလတန်းပြ ဆရာ၊ ဆရာမ လစ်လပ်နေမှုမှာ ၂၀၁၇ ခုနှစ် မတ်လအထိ စာရင်းများအရ တစ်သိန်းကျော်အထိ ရှိသည်။

ယခုနှစ်တွင် ပညာရေးကောလိပ်များမှ မူလတန်းပြဆရာ၊ ဆရာမတစ်သောင်း ကျော်ကိုသာ ခန့်ထားပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် ကျောင်းများအဆင့်တိုးခြင်း၊ ရာထူးတိုး အပြောင်းအရွှေ့များ ပြုလုပ်ထားခြင်းများကြောင့် မူလတန်းပြ ဆရာ၊ ဆရာမ လိုအပ်ချက်မှာ ယခင်နှစ်များကထက် ပိုမိုများပြားနေကြာင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 7312 times