နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အထူးအစီအစဉ်ဖြင့် နေ့စားလပေး ဆရာ၊ ဆရာမများ ခန့်အပ်မည်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အထူးအစီအစဉ်ဖြင့် နေ့စားလပေး ဆရာ၊ ဆရာမများ ခန့်အပ်မည်

နေ့စား လပေး ဆရာ၊ ဆရာမများ ခန့်ထားရန် စီစဉ်နေကြောင်း ဒေသဦးစီးအဖွဲ့ဝင် တစ်ဦးကပြော သည်။

၂၀၁၈-၁၉ ပညာသင်နှစ် တွင် အဆိုပါဒေသများရှိ အခြေခံ ပညာကျောင်းများတွင် ဆရာလို အပ်ချက်မရှိစေရန် တက္ကသိုလ် ၀င်တန်းအောင်မြင်သည့် ဒေသခံ တိုင်းရင်းသားများကို

နေ့စားလ ပေး ဆရာ၊ ဆရာမများအဖြစ် ခန့် ထားရန် စီစဉ်နေသည်။ ပညာရေး ၀န်ကြီးဌာန အစီအစဉ်ဖြင့် ယင်းသို့ ခန့်ထားခြင်းမဟုတ်ဘဲ ဒေသဦးစီးအဖွဲ့က အထူးအစီအစဉ် အနေဖြင့်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ဆောင်ရွက်မည်ဟု ၎င်းက ဆို သည်။

‘‘ကျွန်တော်တို့ သုံးမြို့နယ် အတွက် အရင်နှစ်တွေက တိုင်း အဆင့်ကနေ ဘွဲ့ရနေ့စားလပေး တွေခေါ်တယ်။ ဒီဒေသက ကလေးတွေက ဘွဲ့မရတော့ ဒီဒေသက မဟုတ်တဲ့ ကလေးတွေ

အလုပ်ရ တယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ဆီ လာမနေနိုင်ဘူး။ တစ်နှစ်ကျောင်းဖွင့်ချိန် ၁၀ လမှာ ငါးလလောက်ပဲနေပြီး ပြန်သွားတဲ့အခါကျတော့ ကျောင်းတွေ ပိတ်ထားရတဲ့အနေအထားမျိုး

ပြီးခဲ့တဲ့ ပညာသင်နှစ်က ကြုံရတယ်။ အဲဒါကြောင့် ဒီဒေသက ဆယ်တန်း အောင်တဲ့၊ သင်ကြားရေးမှာ စိတ်ဝင်စားတဲ့ ကလေးတွေကို နေ့စားလပေးခန့်ဖို့ စဉ်းစားတာပေါ့’’ဟု နန်းယွန်းမြို့နယ် မဲဆန္ဒနယ်

အမှတ်(၁) တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်က ပြောသည်။

နန်းယွန်း၊ လဟယ်၊ လေရှီး မြို့နယ်တွင် နေ့စားလပေး ဆရာ၊ ဆရာမ လျှောက်ထားလိုသူများ သည် ဒေသခံတိုင်းရင်းသား ဖြစ် ရမည်ဖြစ်ပြီး အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ၊

ဘွဲ့တစ်ခုခုရရှိထားသူများ၊ ပညာရေးဘွဲ့ ရရှိထားသူများ လျှောက်ထားနိုင်သည်။ အသက် (၄၀) နှစ်အောက်ဖြစ်ရမည်ဖြစ်ပြီး နာဂဒေသတွင် အနည်းဆုံးငါးနှစ် တာဝန်ထမ်းဆောင်ရန် သတ်မှတ်ထားသည်။

‘‘လျှောက်လွှာတွေ လက်ခံပြီးရင် ဒေသဦးစီးရုံးကိုပို့ပြီး အထူးအစီအစဉ်အနေနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ်ရုံးကို တင်ပြပြီး တိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်အပေါ် မူတည်ပြီးပြည်ထောင်စုအဆင့်ကို

တင်မှာပါ’’ဟု နေ့စား လပေးခန့်ထားမည့် အစီအစဉ်နှင့်ပတ်သက်ပြီး၎င်းက ရှင်းပြသည်။

နန်းယွန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမ မလုံလောက်မှုပြဿနာ အမြဲကြုံတွေ့နေရပြီး ၂၀၁၇-၁၈ ပညာသင်နှစ်တွင် သြဂုတ်မှ အောက်တိုဘာအထိ ယန်နောနတ်ညို

မူလတန်းလွန်ကျောင်း အပါအ၀င် နန်းယွန်းမြို့ရှိ အခြေခံပညာကျောင်းခြောက်ကျောင်းကို ခေတ္တပိတ်ထားခဲ့ရကြောင်း ၎င်းကပြောသည်။

အခြေခံပညာကျောင်းများ တွင် အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများကို လေ့ကျင့် ပြီးမှ ခန့်ထားရန် စီစဉ်ထားသဖြင့် ပညာရေးဝန်ကြီးဌာန အနေဖြင့် နေ့စားလပေးဆရာ၊ ဆရာမများ

မခေါ်ယူတော့ဟု ပညာရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီး က ဖေဖော်ဝါရီ ၇ ရက်တွင် ပြည်သူ့လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

 ‘‘ပညာရေးဝန်ကြီးဌာနက ခေါ်တာမဟုတ်ဘူး။ ဒေသဦးစီးက ခေါ်တာပါ။ မြို့နယ်ပညာရေးမှူးရုံးက လျှောက်လွှာလက်ခံပြီး ဒေသဦးစီးကို ပို့ပေးရုံပဲ’’ဟု လေရှီးမြို့နယ်ပညာရေးမှူးက ပြောသည်။

နေ့စားလပေးဆရာ၊ ဆရာမ အသစ်များ မခေါ်ယူတော့ဟု ကြားသိထားချိန်တွင် နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသက နေ့စား လပေးခေါ်ယူသည့် ကြေညာချက်ထွက်လာခြင်းကြောင့် အခြားတိုင်းဒေသကြီးနှင့်

ပြည်နယ်များတွင်လည်း ခေါ်ယူမည်ဟု မျှော်လင့်နေသူများရှိကြောင်း အခြေခံပညာ ဆရာ၊ ဆရာမ အသိုင်းအ၀ိုင်းထံမှ ကြားသိရသည်။

Source;7Day Daily

News Read 4126 times