အခြေခံပညာအဆင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲ ပြုလုပ်မည်

အခြေခံပညာအဆင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲ ပြုလုပ်မည်

အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နဲ့ မူလတန်းအဆင့် သုံးခုလုံးအတွက် ပြုလုပ်မှာ ဖြစ်ပြီး အဆင့်အလိုက် ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်နဲ့ ဗဟိုအဆင့်စတဲ့ အဆင့်တွေ အလိုက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဗဟိုအဆင့် ပြိုင်ပွဲတွေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီး ပြုလုပ်မယ်လို့ သိရပါတယ်။

ကျောင်းအဆင့်နဲ့မြို့နယ်အဆင့်မှာဆိုရင် မြို့နယ်အတွင်းရှိ ကျောင်းတွေကထက်၊ လယ်၊ မူအဆင့်တွေမှာ မြန်မာစာအမှတ် အများဆုံး ရရှိသူ ၁၀ ဦးစီရွေးချယ်ပြီး အဆင့်အလိုက် သုံးဦးစီရွေးချယ်မှာဖြစ်ပါတယ်။

READ - ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်မည့် MMOD သင်တန်း

အဲသည်ကျောင်းအလိုက်ရွေးချယ်ထားတဲ့ မြန်မာစာထူးချွန်ကျောင်းသူကျောင်းသားတွေကို လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့ မြို့ နယ်အဆင့်ဖြေဆိုရမှာဖြစ်ပြီး အဆင့်တစ်ခုချင်းစီက ကျောင်းသူကျောင်းသားသုံးဦးစီကိုဆက်ပြီး ရွေးချယ်မယ်လို့သိရပါ တယ်။

အဲသည်ကနေမှ တစ်ဆင့်ခရိုင်အဆင့်အတွက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲတွေကိုတော့ ဒီဇင်ဘာလ တတိယပတ်အတွင်းမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံပညာရေး ဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားကလေးငယ်တွေ မြန်မာစာဖွံ့ဖြိုးတိုးတက်ဖို့နဲ့ မြန်မာစာဝေါဟာရတွေရဲ့ အနက်အဓိပ္ပာယ်၊ သဒ္ဒါအသုံးအနှုန်းတွေကို မှန်ကန်တိကျအောင်ရေးသားနိုင်ဖို့ ရည်ရွယ်ပြီး အဲသည်ပြိုင်ပွဲကို ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 2336 times