MNCသည် UK နိုင်ငံမှ Edexcel ပညာရေးအဖွဲ့အစည်း၏ နိုင်ငံပေါင်း (၈၅) နိုင်ငံတွင် Centre ပေါင်း (၇၀၀၀) ဖွင့်လှစ်ထားပြီး ကမ္ဘာ့အဆင့်မီ ပညာရေး Syllabus များအတိုင်း သင်ကြားပေးလျက်ရှိသည့်ပညာရေးအဖွဲ့အစည်း ဖြစ်ပါသည်။
MNCသည် ကျောင်းသား၊ ကျောင်းသူများအတွက် UK ၊ Singapore ၊ Malaysia ၊ Thailand နိုင်ငံများရှိ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ကြားနိုင်ရန်အတွက် စီစဉ်ထားပါသည်။
MNCတွင် စာသင်ခန်းများ၊ Workshop များ၊ ဘာသာရပ်ဆိုင်ရာ အထောက်ကူပြုစာအုပ်များနှင့်စာကြည့်တိုက်၊ အဆင့်မြင့် Theater ခန်းမ၊ ကျွမ်းကျင်သော ၀ါရင့် ဆရာ၊ ဆရာမ များ၏ သင်ကြားပေးမှုများ၊ ကျယ်ဝန်းသော ကစားကွင်း၊ အားကစားခန်းမ၊ canteen များကို စီစဉ်ထားပါသည်။
MNC တွင် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားနိုင်သည့် ဆရာ၊ ဆရာမများနှင့် ဖွဲ့စည်းတည်ထောင်ထားပါသည်။
MNC ၏ ဘာသာရပ်တိုင်းအတွက် module (၁၆) ခုကိုHND certificate အတွက် သင်ကြားရမှာဖြစ်ပြီး module (၁) ခုအတွက် credit hours (၁၅၀) ကို work based learning ၊ student centred approach system တို့ဖြင့် သင်ကြားရမည်ဖြစ်ပါသည်။
သင်ကြားပို့ချမည့်ဘာသာရပ်များ
MNC တွင် သင်ကြားပို့ချမည့် သင်တန်းများမှာ pre-foundation courses ၊ HND foundation courses ၊ higher national diploma (HND) courses များဖြစ်ပါသည်။
pre-foundation courses သင်တန်းသည် HND foundation courses သင်တန်းအတွက် ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
pre-foundation courses ၏ သင်ကြားရမည့်ဘာသာရပ်များမှာ
· English
· Mathematics
· Physics
· Chemistry
· Accounting တို့ဖြစ်ပါသည်။
MNC တွင် pre-foundation courses သင်တန်းအောင်မြင်ပါကHND foundation courses ကို တက်ရောက်နိုင်ပါသည်။
HND foundation courses ၏ သင်ကြားပို့ချမည့်ဘာသာရပ်များမှာ
Business
· Introduction to Marketing
· Managing in Organization
· Introduction to Business Environment
· Business Accounting
· Business English
Computing and Systems Development
· Computer Concepts
· Programing Concepts
· Information System
· Networking Basic
· Computing English
Engineering
· Engineering Mathematics
· Engineering Drawing
· Engineering Science
· Electrical & Electronic
· Construction & Materials
· Engineering English တို့ဖြစ်ပါသည်။
MNC တွင် HND foundation courses တက်ရောက်ပြီးနောက် HND courses များကို ဆက်လက်လေ့လာသင်ယူနိုင်ပါသည်။
HND courses သင်တန်းသည် UK နိုင်ငံ Edexcel ပညာရေးအဖွဲ့မှတိုက်ရိုက်ချီးမြှင့်မည့် ဖြစ်ပြီး HND engineering သင်တန်းပြီးပါက MNC နှင့် ချိတ်ဆက်ထားသော UK ၊ Singapore ၊ Malaysia ရှိUniversity များတွင်၁နှစ် သို့မဟုတ် ၂နှစ် ဆက်လက်ပညာသင်ကြားနိုင်ပြီး BSc ၊ BEng ဘွဲ့ရယူနိုင်ပါသည်။
HND courses ၏ သင်ကြားမည့် ဘာသာရပ်များမှာ
· Business
· Information technology
· Engineering ( Civil ၊ Mechanical ၊ Electrical and Electronic) တို့ဖြစ်သည်။
MNC တွင် တက်ရောက်လိုသူများသည် pre-foundation courses သင်တန်းအတွက် န၀မတန်းအောင်မြင်ပြီးသူများ၊ IGCSE secondary level 3 အောင်မြင်ပြီးသူများ ၊ secondary level 2 အောင်မြင်၍ ကျောင်းမှပြုလုပ်သည့် palcemetn test တွင် အရည်အချင်းပြည့်မီသူများ နှင့် HND foundation courses သင်တန်းအတွက် အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူများ၊ GCE ‘O’ level IGCSE အောင်မြင်ပြီးသူများ၊ LCCI level 3 အောင်မြင်ပြီးသူများဖြစ်ပါသည်။
Courses.
No. |
Name |
Duration |
Student |
Fee |
1. |
HND foundation courses |
၁၂ လ |
၃,၃၅၀,၀၀၀ |
|
2. |
HND courses |
၂၉ လ |
၉,၃၀၀,၀၀၀ |
သင်တန်းကြေးများ
MNC တွင် သင်တန်းကြေးများသည် HND foundation courses အတွက် သင်တန်းကာလ ၁နှစ်၊ သင်တန်းကြေးမှာ ကျပ်၃,၃၅၀,၀၀၀ ဖြစ်ပြီး HND courses အတွက် ၂နှစ် နှင့် ၅လ ၊ ကျပ် ၉,၃၀၀,၀၀၀ ဖြစ်ပါသည်။
ထိုသင်တန်းများကို တက်ရောက်လိုသူများသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် scholarship အစီစဉ်များလည်း ရှိပါသည်။
IGCSE စာမေးပွဲတွင် A* တစ်ဘာသာလျှင် ၃ သိန်း ၊ A တစ်ဘာသာလျှင် ၂ သိန်း နှင့် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးတစ်ဘာသာလျှင် ၁ သိန်း ၊ ဂုဏ်ထူးနှစ်ဘာသာလျှင် ၂ သိန်း ၊ ဂုဏ်ထူးသုံးဘာသာလျှင် ၄ သိန်း ၊ ဂုဏ်ထူးလေးဘာသာလျှင် ၈ သိန်း ၊ ဂုဏ်ထူးငါးဘာသာလျှင် ၁၀ သိန်း ၊ ဂုဏ်ထူးခြောက်ဘာသာလျှင် ၁၅ သိန်း ချီးမြှင့်မည်ဖြစ်ပါသည်။