အခြေခံပညာ ဆရာ၊ ဆရာမများထဲမှ M.Ed ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ကြီးတို့ ဇန်န၀ါရီလတွင် တွေ့ဆုံမည်

အခြေခံပညာ ဆရာ၊ ဆရာမများထဲမှ M.Ed ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ကြီးတို့ ဇန်န၀ါရီလတွင် တွေ့ဆုံမည်

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော M.Ed ဘွဲ့ရရှိထားသော ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးတို့ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်တွင် ရုံးအမှတ် ၂၁၊ နေပြည်တော်တွင် တွေ့ဆုံမည်ဖြစ်ရာ အဆိုပါ ဆရာ၊ ဆရာမများ မပျက်မကွက် တက်ရောက်ရမည်ဖြစ်သည်။

READ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် အနိမ့်ဆုံးအမှတ်များ

ယင်းဘွဲ့ရရှိထားသော ဆရာ၊ ဆရာမများအား သင်ရိုးညွှန်းတမ်းဆိုင်ရာ ကိစ္စရပ်များ၊ ပညာရပ်ဆိုင်ရာ ကိစ္စများကို ပြန်လည်အသုံးချရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး တွေ့ဆုံခြင်းဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

“သူတို့တွေကတော့ မဟာဘွဲ့ရတွေဖြစ်တော့ သူတို့ရရှိထားတဲ့ ဘွဲ့နဲ့ အခြေခံပညာရေးမှာ သင်ရိုးညွှန်းတမ်းနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊ ပညာရပ်ကို ပြန်လည်အသုံးချတဲ့နေရာမှာ အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ဖို့အတွက် သူတို့ကို ဆင့်ပွားသင်တန်းပေးဖို့ပါ။ နောက်ပြီးတော့ သူတို့ထဲမှာ နှီးနှောဖလှယ်ပွဲကို တက်လိုက်ရတဲ့ ဆရာ၊ ဆရာမတွေရှိသလို မတက်လိုက်ရတဲ့ သူတွေလည်းရှိတယ်။ အဲဒါကြောင့် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ကိစ္စတွေ၊ ပညာရေး ဆိုင်ရာ ကိစ္စရပ်တွေကို လမ်းညွှန်မှာကြားဖို့အတွက် ခေါ်ပြီးတွေ့တာပါ” ဟု ပြောကြားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 5088 times