MCC Polytechnic College သည် ရွှေတိဂုံဘုရားလမ်း၊ ရန်ကုန်မြို့တွင် တည်ရှိပါသည်။
အင်ဂျင်နီယာ ၊ IT၊ စီးပွားရေး ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများဆိုင်ရာ Higher National Diploma (HND) ဒီပလိုမာသင်တန်းများကို MCC Polytechnic College တွင် သင်ကြားပေးပါသည်။
HND ဒီပလိုမာသင်တန်းများသည် အင်္ဂလန်နိုင်ငံ၏ Vocational Education Provider ဖြစ်သော PEARSON Group ၏ BTEC Program မှ ချီးမြှင့်မည်ဖြစ်ပြီး ဒီပလိုမာသင်တန်းများမှတစ်ဆင့် ဘွဲ့၊ ဒီဂရီများရသည်အထိ ဆက်လက်သင်ယူ နိုင်ပါသည်။
ဘွဲ့၊ ဒီဂရီများကို MCC Institute တွင် တတိယနှစ်အဖြစ် တက်ရောက်ရမည်ဖြစ်ပြီး top-up degree ရရှိမည်ဖြစ်သည်။
ထို top-up degree သည် အင်္ဂလန်နိုင်ငံ Middlesex University ၊ Bermingham City University နှင့် Liverpool John Moores University မှ ပူးပေါင်းချီးမြှင့်မည်ဖြစ်ပါသည်။
သင်ကြားပို့ချမည့် သင်တန်းများ
BTEC-HND (Level 4 and Level 5) အင်ဂျင်နီယာ ဒီပလိုမာသင်တန်း ၊ BTEC-HND (Level 4 and Level 5) ကွန်ပျူတာဒီပလိုမာသင်တန်း နှင့် Myanmar Institute of Telecommunication Technology (MITT) ဆက်သွယ်ရေးအင်ဂျင်နီယာ ဒီပလိုမာ/ ဘွဲ့၊ ဒီဂရီသင်တန်း တို့ဖြစ်သည်။
HND diploma ရရှိပြီးသူများသည် top-up degree ဘွဲ့ကို နိုင်ငံခြားတက္ကသိုလ်များတွင် ဆက်လက်တက်ရောက်ပြီး B.Sc (Hons) နှင့် B.Sc (Engg) အင်ဂျင်နီယာသိပ္ပံဘွဲ့ကို ရရှိမည်ဖြစ်သည်။
BTEC-HND (Level 4 and Level 5) အင်ဂျင်နီယာ ဒီပလိုမာသင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များမှာ
BTEC-HND (Level 4 and Level 5) ကွန်ပျူတာဒီပလိုမာသင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များမှာ
MITT ဆက်သွယ်ရေးအင်ဂျင်နီယာ ဒီပလိုမာ/ ဘွဲ့၊ ဒီဂရီသင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များမှာ
တက်ရောက်လိုသူများသည် တက္ကသိုလ်ဝင်တန်းမအောင်မြင်သေးသော ကျောင်းသား၊ ကျောင်းသူများသည် Level 3 diploma ကို တက်ရောက်နိုင်ပြီး Level 4 and Level 5 HND diploma ကိုလည်း ဆက်လက် တက်ရောက်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် top-up degree ကို တက်ရောက်နိုင်ပါသည်။
အခြေခံပညာ အလယ်တန်းမအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများသည် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားသည့် Level 2 ကို တက်ရောက်နိုင်ပါသည်။
ထိုမှတစ်ဆင့် Level 3 ၊ Level 4 နှင့် Level 5 များဆက်လက်တက်ရောက်ပြီး HND diploma များ ရရှိမည်ဖြစ်သည်။
ပညာဆက်လက်သင်ယူလိုသူများအတွက် Level 6 နှင့်ညီသော တက္ကသိုလ်နောက်ဆုံးနှစ်ကို အင်္ဂလန်နိုင်ငံ မှချီးမြှင့်မည့် အင်ဂျင်နီယာသိပ္ပံဘွဲ့ နှင့် ကွန်ပျူတာသိပ္ပံဘွဲ့ များကို တက်ရောက်နိုင်ပါသည်။
သင်တန်းကြေးများ
HND diploma ၂ နှစ် သင်တန်းများကို MCC Polytechnic College တွင် တက်ရောက်နိုင်ပြီး top-up degree ဘွဲ့သင်တန်းများကို MCC Institute Campus တွင် တက်ရောက်ရမည်ဖြစ်ပါသည်။
HND diploma ၂ နှစ် သင်တန်းအတွက် သင်တန်းကြေးများမှာ ကျပ် ၃,၀၀၀,၀၀၀ ၊ registration fees ကျပ် ၁၀၀,၀၀၀ ၊ registration fees (BTEC) စတာလင်ပေါင် ၂၂၈ ဖြစ်ပါသည်။
Top-up degree ဘွဲ့သင်တန်းအတွက် သင်တန်းကြေးများမှာ ကျပ် ၄,၀၀၀,၀၀၀ ၊ registration fees ကျပ် ၁၀၀,၀၀၀ ၊ registration fees (BTEC) စတာလင်ပေါင် ၉၅၀ ဖြစ်ပါသည်။
Contact Detail
01 – 245762