တက္ကသိုလ်ဝင်တန်းအောင်စာရင်းကြည့်နိုင်သည့် အက်ပလီကေးရှင်းတစ်ခု ထွက်ပေါ်ခြင်းသည် ပညာရေးဝန်ကြီးဌာနမှ ထုတ်ထားခြင်းမဟုတ်ဟုဆို

တက္ကသိုလ်ဝင်တန်းအောင်စာရင်းကြည့်နိုင်သည့် အက်ပလီကေးရှင်းတစ်ခု ထွက်ပေါ်ခြင်းသည် ပညာရေးဝန်ကြီးဌာနမှ ထုတ်ထားခြင်းမဟုတ်ဟုဆို

လက်ရှိလူမှုကွန်ရက်စာမျက်နှာများတွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ကြည့်ရှုနိုင်ရန်အတွက် အက်ပလီကေးရှင်း တစ်ခုပျံနှံ့နေပြီး ထို အက်ပလီကေးရှင်းနှင့်တကွ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ၀င်ရောက်ကြည့်ရှုနိုင်ရန် ပြုလုပ်ထားရာ ယင်းအက်ပလီကေးရှင်းကို ပညာရေးဝန်ကြီးဌာနမှ ထုတ်လုပ်ထားခြင်းမဟုတ်ပါ။

ပညာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်မည့် အက်ပလီကေးရှင်းဆိုပါက Google Playstore နှင့် ပညာရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်များတွင် တင်ပေးမည့်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ထိုအက်ပလီကေးရှင်းတွင် တိုင်းဒေသကြီးပြည်နယ်အလိုက် ခွဲခြားထားပြီး တိုင်းဒေသကြီးပြည်နယ်အလိုက် မြို့နယ်များရှိ အောင်စာရင်းများကို ၀င်ရောက်ကြည့်ရှုနိုင်ရန် ရေးဆွဲထားသော အက်ပလီကေးရှင်းမှာ နာမည်ပေးထားခြင်းမရှိပဲ (၁၀) ဟုသော ဂဏန်းတစ်လုံးသာ ပါရှိကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို တိုင်းဒေသကြီးပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ကြေညာမည်ဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးရှိ အမှတ် ၉၁) အခြေခံပညာ အထက်တန်း ကျောင်း အင်းစိန်၊ ရန်ကင်းမြို့နယ် အထက (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်း၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း တို့တွင် တိုင်းဒေသကြီးပြည်နယ် အသီးသီး၏ အောင်စာရင်းများကို ကြေညာမည်ဖြစ်သလို ပညာရေးဝန်ကြီးဌာန၀က်ဘ်ဆိုက်များမှသာ ကြေညာမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 3297 times