Sales Hotline : 09448001653       Download App



ရေကြောင်းပညာတက္ကသိုလ်တွင် ရေကြောင်းဆိုင်ရာဒီဇိုင်းသင်တန်းသင်ကြား

** Unicode **

ဂျပန်နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိမည့် ရေကြောင်းဆိုင်ရာ ဒီဇိုင်းရေးဆွဲသည့် သင်တန်း3D CAD (CATIA-V5) အားမြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ဖေဖော်ဝါရီ (၃) ရက်နံနက် (၁၀) နာရီတွင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းအား မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ SOLIZE Engineering Cooperation တို့ပူးပေါင်းစီစဉ်ဖွင့်လှစ်ခြင်းဖြင့် ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဒုတိယပါမောက္ခချုပ် (သင်ကြား/တာဝန်) ဒေါ်စန္ဒာနိုင်က အဖွင့်အမှာစကားပြောကြားကာ SOLIZE Engineering Cooperation မှ Mr.Suzuki Yukihito ကသင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယခုသင်တန်းနှင့် ပတ်သက်၍ တက္ကသိုလ်ကနေဘွဲ့ရထားသည့် ကျောင်းသား/သူများအနေဖြင့် 3D CAD (CATIA-V5) ကိုအခြေခံပြီး စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် ပတ်သက်သည့် ဒီဇိုင်းရေးဆွဲနိုင်မည့်နည်းပညာများကို လေ့လာသင်ယူခွင့်ရရှိမှာဖြစ်ပြီး ၎င်းမှတစ်ဆင့် ဂျပန်နိုင်ငံမှာရှိသည့် တက္ကသိုလ်များ၏ စက်မှုလုပ်ငန်းများတွင် အဆင့်မြင့်ပညာများ ဆက်လက်ဆည်းပူးနိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်သည့် အကျိုးကျေးဇူးများရရှိမည်ဟုသိရပါသည်။

ဂျပန်နိုင်ငံ SOLIZE Engineering Cooperation အနေဖြင့် 3D CAD (CATIA-V5) သင်တန်းအား ပထမအပတ်စဉ်အဖြစ် ၂၀၁၉ ခုနှစ်တွင် ကျောင်းသား/သူ (၃၈) ဦးတို့ကို ရန်ကုန်မြို့ရှိ AJMMC ရုံးချုပ်တွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းပြီးဆုံးသူများအနက်မှ စက်တင်ဘာလတွင် ပထမအဖွဲ့၊ ဒီဇင်ဘာလတွင် ဒုတိယအဖွဲ့အဖြစ် ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ခန့်ထားပေးပြီးဖြစ်ကြောင်း သိရပါသည်။

Read More:>>>  နည္းပညာ၊ သက္ေမြးပညာႏွင့္ေလ့က်င့္ေရးဦးစီးဌာန ရည္ရြယ္ခ်က္ႏွင့္လုပ္ငန္းတာဝန္

ယခုဖွင့်လှစ်သည့် ဒုတိယအပတ်စဉ်သင်တန်းတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၏ ဘွဲ့ရကျောင်းသား/သူ (၃၀) တို့အား မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပင်မဆောင်တွင် သင်ထောက်ကူပစ္စည်းများဖြင့် (၃) လကြာ အခမဲ့ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းတက်ရောက်နေသည့် သင်တန်းသားများအား လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်အတွက် လာမည့်မတ်လတွင် SOLIZE Engineering Cooperation မှအင်တာဗျူးပြုလုပ်သွားမည်ဖြစ်ပြီး နိုဝင်ဘာလတွင် အလုပ်စတင်ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit: ကြေးမုံ

 

** Zawgyi **

ဂ်ပန္ႏိုင္ငံတြင္ အလုပ္အကိုင္အခြင့္အလမ္းရရွိမည့္ ေရေၾကာင္းဆိုင္ရာ ဒီဇိုင္းေရးဆြဲသည့္ သင္တန္း3D CAD (CATIA-V5) အားျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသုိလ္တြင္ ေဖေဖာ္ဝါရီ (၃) ရက္နံနက္ (၁၀) နာရီတြင္ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ သင္တန္းအား ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ႏွင့္ ဂ်ပန္ႏိုင္ငံ SOLIZE Engineering Cooperation တို႔ပူးေပါင္းစီစဥ္ဖြင့္လွစ္ျခင္းျဖင့္ ဖြင့္ပြဲအခမ္းအနားတြင္ ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသုိလ္ဒုတိယပါေမာကၡခ်ဳပ္ (သင္ၾကား/တာဝန္) ေဒၚစႏၵာႏိုင္က အဖြင့္အမွာစကားေျပာၾကားကာ SOLIZE Engineering Cooperation မွ Mr.Suzuki Yukihito ကသင္တန္းဖြင့္လွစ္ရျခင္းႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းေျပာၾကားသည္။

ယခုသင္တန္းႏွင့္ ပတ္သက္၍ တကၠသုိလ္ကေနဘြဲ႔ရထားသည့္ ေက်ာင္းသား/သူမ်ားအေနျဖင့္ 3D CAD (CATIA-V5) ကိုအေျခခံၿပီး စက္မႈကုန္ထုတ္လုပ္ငန္းမ်ားႏွင့္ ပတ္သက္သည့္ ဒီဇိုင္းေရးဆြဲႏိုင္မည့္နည္းပညာမ်ားကို ေလ့လာသင္ယူခြင့္ရရွိမွာျဖစ္ၿပီး ၄င္းမွတစ္ဆင့္ ဂ်ပန္ႏိုင္ငံမွာရွိသည့္ တကၠသုိလ္မ်ား၏ စက္မႈလုပ္ငန္းမ်ားတြင္ အဆင့္ျမင့္ပညာမ်ား ဆက္လက္ဆည္းပူးႏိုင္မည့္အျပင္ အလုပ္အကုိင္အခြင့္အလမ္းမ်ားရရွိႏိုင္သည့္ အက်ိဳးေက်းဇူးမ်ားရရွိမည္ဟုသိရပါသည္။

ဂ်ပန္ႏိုင္ငံ SOLIZE Engineering Cooperation အေနျဖင့္ 3D CAD (CATIA-V5) သင္တန္းအား ပထမအပတ္စဥ္အျဖစ္ ၂၀၁၉ ခုႏွစ္တြင္ ေက်ာင္းသား/သူ (၃၈) ဦးတို႔ကုိ ရန္ကုန္ၿမိဳ႕ရွိ AJMMC ရံုးခ်ဳပ္တြင္ အခမဲ့ဖြင့္လွစ္သင္ၾကားေပးခဲ့ၿပီး သင္တန္းၿပီးဆံုးသူမ်ားအနက္မွ စက္တင္ဘာလတြင္ ပထမအဖြဲ႔၊ ဒီဇင္ဘာလတြင္ ဒုတိယအဖြဲ႔အျဖစ္ ဂ်ပန္ႏိုင္ငံတြင္ အလုပ္အကိုင္ခန္႔ထားေပးၿပီးျဖစ္ေၾကာင္း သိရပါသည္။

Read More:>>>  နည္းပညာ၊ သက္ေမြးပညာႏွင့္ေလ့က်င့္ေရးဦးစီးဌာန ရည္ရြယ္ခ်က္ႏွင့္လုပ္ငန္းတာဝန္

ယခုဖြင့္လွစ္သည့္ ဒုတိယအပတ္စဥ္သင္တန္းတြင္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္၏ ဘြဲ႔ရေက်ာင္းသား/သူ (၃၀) တို႔အား ျမန္မာႏို္င္ငံေရေၾကာင္းပညာတကၠသုိလ္ ပင္မေဆာင္တြင္ သင္ေထာက္ကူပစၥည္းမ်ားျဖင့္ (၃) လၾကာ အခမဲ့ စာေတြ႔လက္ေတြ႔ သင္ၾကားပို႔ခ်သြားမည္ျဖစ္ေၾကာင္း၊ အဆိုပါ သင္တန္းတက္ေရာက္ေနသည့္ သင္တန္းသားမ်ားအား လုပ္ငန္းခြင္ဝင္ေရာက္ႏိုင္ရန္အတြက္ လာမည့္မတ္လတြင္ SOLIZE Engineering Cooperation မွအင္တာဗ်ဴးျပဳလုပ္သြားမည္ျဖစ္ၿပီး ႏိုဝင္ဘာလတြင္ အလုပ္စတင္ခန္႔အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Credit: ေၾကးမံု
 

News Latest Post News Read 1023 times