Sales Hotline : 09448001653       Download App



နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်

** Unicode **

** ရည်ရွယ်ချက် **

- နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးစေရေးအတွက် လိုအပ်သော နည်းပညာနှင့်သက်မွေးပညာရပ် အတတ်ပညာရှင်များနှင့်  အသိပညာရှင်များကို မွေးထုတ်သွားရန်

- နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် နည်းပညာနှင့်သက်မွေးပညာ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ၏ အရည်အသွေး မြင့်မားလာစေရန်

- တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် လိုအပ်သော နည်းပညာနှင့် သက်မွေးပညာသင်တန်းများနှင့် ကျောင်းများကို လိုအပ်သလို တိုးချဲ့ဖွင့်လှစ်သင်ကြားပေးရန်

- နိုင်ငံတော်ကို ချစ်မြတ်နိုးသည့် အသိစိတ်ဓာတ်နှင့် ခံယူချက်များ ပြည့်ဝသော အတတ်ပညာနှင့် ကျွမ်းကျင်သူများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးရန်


** လုပ်ငန်းတာဝန် **

- နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များအတည်ပြု ထုတ်ပြန်နိုင်ရန် ဆက်လက်ဆောင်ရွက်ခြင်းနှင့် ဥပဒေ၊ နည်းဥပဒေများ အတည်ပြု ထုတ်ပြန်ပြီးလျှင် ဥပဒေပါ အဖွဲ့အစည်းများကို အဆင့်အလိုက် ဖွဲ့စည်းခြင်း

- နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းများ၏ စီမံအုပ်ချုပ်သူ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအတွက် စွမ်းဆောင်ရည်မြှင့် သင်တန်းများပေးခြင်းနှင့်  ဆရာ၊ ဆရာမ ဝန်ထမ်းအင်အားတိုးချဲ့ ဖြည့်ဆည်း ခန့်ထားပေးခြင်း

- နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးဆိုင်ရာ ပညာရပ်များ သင်ကြား၊ သင်ယူနိုင်မှုအခွင့်အလမ်းများ တိုးမြှင့်ရေးနှင့် အလုပ်အကိုင်နှင့် အခွင့်အလမ်းများ တိုးတက် လာစေရေးအတွက် သက်ဆိုင်သူများအားလုံးနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် Equipping Youth for Employment Project (EYE Project)ကို အခြေခံပညာကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

- ကျွမ်းကျင်မှုဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် သင်ရိုးများပြုပြင်ပြောင်းလဲနိုင်ရန် ဆောင်ရွက်ခြင်း

- နည်းပညာ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများနှင့် အတူပုဂ္ဂလိကကဏ္ဍပါ ပါဝင်လာစေရန် (Private Public Partnership) ဆောင်ရွက်ခြင်း

- နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးဆိုင်ရာ သင်တန်းကျောင်း များအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ (Lab and Equipment Facilities)နှင့် အခြေခံအဆောက်အဦများ (Infrastructure)ဖြစ်သည့် အလုပ်ရုံ၊ စာသင်ဆောင်၊ ကျောင်းသားဆောင်နှင့် ဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်း ပေးနိုင်ရေး ဆောင်ရွက်ခြင်း

- ဖွံ့ဖြိုးမှုမိတ်ဖက်များ အကူအညီဖြင့် နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ကဏ္ဍဖွံ့ဖြိုးရေး ကိစ္စရပ်များကို ပူးပေါင်းမြှင့်တင်ဆောင်ရွက်ခြင်း

Read More:>>>  SMVTI သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသားအသစ်များခေါ်ယူခြင်း

- နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးဆိုင်ရာ အရည်အသွေး မြင့်မားရေး ဆောင်ရွက်ခြင်း
(Ministry of Educatio)
(www.edge.com.mm)

** Zawgyi **

** ရည်ရွယ်ချက် **






** လုပ်ငန်းတာဝန် **








Read More:>>>  SMVTI သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသားအသစ်များခေါ်ယူခြင်း

(Ministry of Educatio)
(www.edge.com.mm)
 

Latest Post News News Tips Tips Read 1463 times