Sales Hotline : 09448001653       Download App



ဆရာ/မများ၏ သင်ပြမှုအရည်အသွေး တိုးတက်ရေးစီမံကိန်း မြို့နယ် ၇၀ တွင် ထပ်တိုးပြုလုပ်မည်

ဆရာ/မများ၏ သင်ပြမှုအရည်အသွေး တိုးတက်ရေးစီမံကိန်း မြို့နယ် ၇၀ တွင် ထပ်တိုးပြုလုပ်မည်

ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်ဦးဆောင်သော မိတ် ဖက်အဖွဲ့အစည်းတို့ ပူးပေါင်း၍ အဆိုပါ Teacher Mentoring and School Cluster Support စီမံကိန်းကို ၂၀၁၆ - ၁၇ တွင် မြို့နယ် ၄၀၊ ၂၀၁၇ - ၁၈ တွင် မြို့နယ် ၈၀ ၌ ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ - ၁၉ တွင် မြို့နယ် ၁၅၀ ၌ပြုလုပ်မည်ဖြစ်သည်။

ယခု ပညာသင်နှစ်တွင် တိုင်းနှင့် ပြည်နယ်အားလုံးရှိ မြို့နယ် ၇၀ တွင်စီမံကိန်းတိုးချဲ့ မည်ဖြစ်ရာ စီမံကိန်းအတွက်လက် ထောက်မြို့နယ် ပညာရေးမှူး (Mentor တာဝန်) ၂၈၆ ဦး လိုအပ်နေခြင်းကြောင့် အလယ် တန်းပြနှင့် မူလတန်းကျောင်း အုပ်များအနေဖြင့် သြဂုတ် ၃၁ ရက်နောက်ဆုံးလျှောက်ထားနိုင် ကြောင်းအခြေခံပညာဦးစီးဌာန ကသြဂုတ် ၁၄ ရက်စွဲဖြင့်ညွှန် ကြားချက်ထုတ်ပြန်သည်။

‘‘ဒီနှစ်မှာ ထပ်တိုးမြို့နယ် ၇၀ ရှိမှာမို့ လက်ထောက်မြို့နယ် ပညာရေးမှူးရာထူးနဲ့ Mentor တွေခေါ်ထားတာပါ။ ဒီနှစ်ထပ် တိုးမြို့နယ်ထဲမှာလည်း တိုင်းနဲ့ ပြည်နယ်အားလုံးက ပါအောင် ရွေးထားတယ်။ နောက်နှစ်မှာ မြို့ နယ်တိုင်းလုပ်နိုင်ဖို့အထိလျာ ထားတယ်’’ ဟု အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

တစ်လလျှင် ရက် ၂၀ ခန့် အခြေခံ ပညာကျောင်းများသို့ သင်ကြားရေးသင်တန်းများ သွား ရောက်ပို့ချနိုင်ပြီး ပညာရေးဘွဲ့၊ ဆရာအတတ်ပညာ သင်တန်း ဆင်းလက်မှတ်၊ ဆရာအတတ် ပညာ ဒီပလိုမာရရှိထားသော မူလတန်းကျောင်းအုပ် (သို့မ ဟုတ်) မူလတန်းပြအဖြစ် တာဝန်ထမ်းဆောင်ဖူးသော အလယ်တန်းပြများကို Mentor များ အဖြစ်ခန့်အပ်မည်ဖြစ်သည်။

ယင်းစီမံကိန်းတွင် လုပ် သက်နည်းပြီး အတွေ့အကြုံနု နယ်သော ဆရာ၊ ဆရာမကိုဦးစား ပေးရွေးချယ်ကာ ၎င်းတို့၏ သင် ကြားမှုအရည်အသွေးတိုးတက် စေရေး Mentor များက ၎င်းတို့၏ ကျောင်းများသို့ သွားရောက်ပို့ချ မည်ဖြစ်သည်။ ထို့အပြင်သင် ပြနည်း စနစ်များဖလှယ်ခြင်း၊ သင်ထောက်ကူပစ္စည်းပြိုင်ပွဲများ ကျင်းပခြင်း၊ ဘာသာရပ်အလိုက် ဆွေးနွေးပွဲများကျင်းပခြင်း၊ လက် တွေ့သရုပ်ပြ သင်ကြားချင်း လည်းပါဝင်သည်။

‘‘အခုက ဆရာ၊ ဆရာမအ သစ်လေးတွေခန့်တာများတော့ သူတို့ အရည်အသွေးတက်အောင် မွမ်းမံသင်တန်းတွေက အမြဲလုပ် ပေးသင့်တယ်။ သင်တန်းကို တစ် နှစ်ပတ်လုံးအချိန်ပြည့်မတက်နိုင် တော့ အခုလိုကျွမ်းကျင်သူတွေက ကျောင်းတွေအလိုက် သင်တန်း ပေးတာမျိုးဆို ပိုကောင်းတာပေါ့’’ ဟု လုပ်သက်ရင့်အထက်တန်းပြ ဆရာမတစ်ဦးကပြောသည်။

Teacher Mentoring and School Cluster Support စီမံကိန်းတွင် ဆရာလက်မှတ်မရှိသေးသော မူလတန်းပြဆရာ၊ ဆရာမများကို သင်ကြားရေးအရည်အသွေးတိုးတက်စေရန် သင်တန်းပို့ချမည့်အပြင် သင်ကြားရေးအရည် အသွေး C၊ D၊ E အဆင့်ရှိသော ကျောင်းများကိုလည်း ပို့ချသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: Tweet

News Read 2698 times