နှုတ်ဖြင့် ပြောဆိုရသည့် ဘာသာစကားဆိုင်ရာ ဉာဏ်ရည်ထက်မြက်မှုအကြောင်းအရာသည် အမေရိကန်စိတ်ပညာရှင် Howard Gardner ရေးသားသည့် “ Frames of Mind: The Theory of Multiple Intelligences” စာအုပ်တွင် ပါဝင်သည့် ဉာဏ်ရည် ၈ မျိုးအနက် တစ်ခုအပါအဝင် ဖြစ်ပါသည်။
ထိုစာအုပ်တွင် ဖော်ပြထားသော ဉာဏ်ရည် ၈မျိုးမှာ-
အမျိုးမျိုးသော ဉာဏ်ရည်ထက်မြက်မှုနှင့် ပတ်သက်၍ သီအိုရီများတွင် ဖော်ပြထားသည်မှာ လူတစ်ဦးတစ်ယောက်အနေဖြင့် တိကျသောကျွမ်းကျင်မှုတစ်ခုတွင် အလွန်အမင်း ကျွမ်းကျင်နေတတ်သော်လည်း ကျန်သည့်နယ်ပယ်အချို့တွင် အားနည်းနိုင်သည်ဟု ဖြစ်သည်။
ဥပမာအားဖြင့်- လူတစ်ဦးတစ်ယောက်သည် ပြောဆိုဆက်ဆံရေးနယ်ပယ်၊ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဂီတအနုပညာပိုင်းတွင် ထူးချွန်သူများသည် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဆိုင်ရာနှင့် ပတ်သက်၍ အားနည်းကောင်းအားနည်းနိုင်ပါသည်။
အထက်တွင်ဖော်ပြခဲ့သော ဉာဏ်ရည်ထက်မြက်မှု ရှစ်မျိုးကို အကြမ်အားဖြင့်ဖော်ပြရမည်ဆိုလျှင်-
အထက်ပါဉာဏ်ရည်ထက်မြက်မှုများသည် လူသားတစ်ဦးခြင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်နေကြပြီး အရေးပါဆုံးဉာဏ်ရည်ထက်မြက်မှုတစ်ခုမှာ ဘာသာစကားဆိုင်ရာ ဉာဏ်ရည်ထက်မြက်မှုပင်ဖြစ်ပါသည်။
ဘာသာစကားဆိုင်ရာ ဉာဏ်ရည်ထက်မြက်မှု၏ ဝိသေသလက္ခဏာများ
ဘာသာစကားနှင့် ပတ်သက်၍ ထူးချွန်ထက်မြက်သူများသည် များသောအားဖြင့် စာရေးသားခြင်းကို နှစ်သက်ကြပြီး ၎င်းတို့ စိတ်တွင်ရှိသော အကြောင်းအရာများကို ချရေးခြင်းကာ ဖော်ပြလေ့ရှိပါသည်။ ၎င်းတို့သည် အသေးစိတ်ဆောင်ရွက်တတ်ကြပြီး သဒ္ဒါပိုင်းတွင် အလွယ်တကူနားလည်လွယ်ကြပါသည်။ ဝေါဟာရနှင့်ပတ်သက်ပြီး၍လည်း ကျွမ်းကျင်ကြပါသည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ဗဟုသုတ တိုးတက်ရေးနှင့်ကြိုက်နှစ်သက်သောစာအုပ်စာပေများဖတ်ရှုနိုင်ရန် အဆက်မပြတ်ရှာဖွေလေ့လာလျက်ရှိပါသည်။ ထိုသို့ ဘာသာစကားဉာဏ်ကောင်းသူများသည် စကားလုံးဆက်သည့်ကစားနည်းများဖြစ်သည့် Scrable နှင့် Crosswords များဆော့ရခြင်းကို နှစ်သက်ကြသည်။ သံစဥ်များဖန်တီးခြင်းကိုလည်းနှစ်သက်ကြပါသည်။ ကောင်မွန်သည့်မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားကြပြီး အသေးစိတ်အချက်အလက်များ၊ ကိုးကားချက်များကို အfကူ မှတ်မိနေတတ်ကြပါသည်။ ၎င်းတို့သည် ဗဟုသုတ အသစ်များကို အမြဲတမ်းရှာဖွေလေ့ရှိကြပြီး အသစ်သစ်သော ဘာသာစကားများကို သင်ယူရာတွင် စိတ်အားထက်သန်လေ့ရှိပါသည်။ ထို့အပြင် ၎င်းတို့သည် စကားပြောကောင်းမွန်သူများဖြစ်ကြပြီး အခြားသူများကို ရှင်းပြရာတွင် ဖြစ်စေ၊ ခွဲခြမ်းစိတ်ဖြာရာတွင် ဖြစ်စေ အခက်အခဲ တစ်စုံတစ်ရာ မရှိဘဲ ပြုလုပ်နိုင်ပေသည်။
ဘာသာစကားဆိုင်ရာ ဉာဏ်ရည်ထက်မြက်မှု၏ အကျိုးကျေးဇူးများ
အဆိုပါ ဉာဏ်ရည်ထက်မြက်မှု၏ အဓိက အားသာချက်တစ်ခုမှာ အများနှင့် အလွယ်တကူ ပြောဆိုဆက်ဆံနိုင်ခြင်း ဖြစ်ပါသည်။ ပတ်ဝန်းကျင်ရှိ လူများနှင့် ဆက်သွယ်သောအခါ ကောင်းမွန်လွယ်ကူစွာ ဆက်ဆံနိုင်ခြင်းသည် လူချစ်လူခင်ပေါများခြင်း၏ သော့ချက်တစ်ခု ဖြစ်ပါသည်။
နှုတ်ဖြင့် ပြောဆိုရသည့် ဘာသာစကားဆိုင်ရာ ဉာဏ်ရည်ထက်မြက်မှုသည် ဘာသာစကားသင်ယူရာတွင် အလွန်အဖိုးတန်သောအထောက်အကူပြုကိရိယာဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဘာသာစကား အသစ်သင်ယူရသည့် အခါတွင် ထိုဘာသာစကား၏ အသုံးထွက်ပုံထွက်နည်းများ၊ စကားလုံးနှင့် စကားစု အသုံးအနှုံးများ၏ အစီအစဥ်ကျမှုများ၊ စကားလုံးတစ်လုံး၏ အဓိပ္ပါယ်များ၊ နည်းစနစ်ကျကျ အသုံးပြုပုံများအပြင် ၎င်းနှင့် ဆက်စပ် အသုံးများကိုပါ အကျယ်တဝင့်သုံးရမည် ဖြစ်သောကြောင့် ယခုလို ဘာသာစကားနှင့် ပတ်သက်ပြီး ဉာဏ်ရည်ထက်မြက်မှုမှာ လွန်စွာ အသုံးဝင်လျက်ရှိပါသည်။ ဘာသာစကားနှင့် ပတ်သက်၍ သင်ယူစရာများမှာ အမြဲရှိနေသောကြောင့် သင့်အနေဖြင့် အမြဲ ဦးနှောက်ကိုအလုပ်ပေးနေရသောကြောင့် ထုံထိုင်းမနေပေ။ ဘာသာစကားတစ်ခုသင်ယူခြင်းသည် ပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်မှုကို တိုးတက်စေသည့်အပြင် ဆိုရှယ်နှင့် လူထုကြား ပြောဆိုခြင်းများတွင် တိုးတက်လာမည့် အကျိုး ကျေးဇူများ ရနိုင်ပါသည်။ ၎င်းတို့သည် စာအမြောက်အများကို ဖတ်လေ့ရှိကြသောကြောင့် ဝေါဟာရပိုင်းတွင် ကျွမ်းကျင်မှု မလွဲဧကန်အမှန် ဖြစ်ပြီး သတင်းစားများကို ရှင်းပြနိုင်သည့်၊ ဖော်ပြနိုင်သည့် ကျွမ်းကျင်မှုမှာ အားကောင်းလျက်ရှိသည်။
နိုင်ငံခြားဘာသာစကားများကို ဖတ်ရှုခြင်းသို့မဟုတ်လေ့လာခြင်းနှင့်ပတ်သက်လာလျှင် စကားလုံးတစ်လုံး၏ အသုံးတွင် တူညီမှု၊ ကွဲပြားခြားနားမှုများကို အလွယ်တကူ ရှာတွေ့နိုင်ပြီး ဒါဟာ သင့်၏ ခွဲခြားစိတ်ဖြာနိင်သည့် စွမ်းရည်ကို ပိုအားကောင်းလာစေပါသည်။
ထို့အပြင် ဘာသာစကားတွင် ဉာဏ်ရည်ထက်မြက်သူများသည် ပရော်ဖက်ရှင်နယ်ကျသည့် အသက်မွေးဝမ်းကြောင်းများကိုလည်း လုပ်ကိုင်နိုင်ပါသည်။ ဥပမာအားဖြင့် - ဥပဒေရေးရာများတွင် ဖြစ်စေ၊ HR ပိုင်းတွင် ဖြစ်စေ၊ ပညာရေးပိုင်းတွင် ဖြစ်စေ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နိုင်ပါသည်။
ဘာသာစကားဆိုင်ရာ ဉာဏ်ရည်ထက်မြက်မှုအရည်အချင်းတိုးတက်စေမည့် လှုပ်ရှားမှုများ
အထက်တွင် ဖော်ပြထားခဲ့သည့်အတိုင်း စာအုပ်များ၊ သတင်းစာများနှင့် မဂ္ဂဇင်းများကို ဖတ်ရှုခြင်း အပြင် ပုံပြင်များ၊ သီချင်းများ နှင့် သတင်များ နားထောင်ခြင်းကလည်း ဘာသာစကား ကျွမ်းကျင်မှူကို တိုးတက်စေရန် အထောက်အကူ ဖြစ်စေပါသည်။ စာဖတ်ခြင်းနှင့်အတူ စာရေးသားခြင်းသည်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေပါသည်။ ပုံပြင်များ၊ ဒိုင်ယာရီ နေ့စဥ်မှတ်တမ်းများ ရေးသားခြင်း အပြင် ကဗျာများ ရေးသားခြင်းသည် သိမြင်မှုစွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်စေသည့် အလေ့အကျင့် သာဓကများဖြစ်ပါသည်။ ထို့အပြင် အမျိုးမျိုးသော အကြောင်းအရာများကိုဆွေးနွေးပွဲများတက်ရောက်ခြင်း သို့မဟုတ် အပြန် အလှန်ဆွေးနွေးခြင်းများသည် ဝေါဟာရ အသစ်များကို သိရှိလာနိုင်သည့် အပြင် နားထောင်ခြင်းစွမ်းရည်များကို တစ်စထက်တစ်စ တိုးတက်ကာ ဗဟုသုတများ ပိုပိုတိုးပွားလာမည် ဖြစ်ပါသည်။ Scrabble, Word search,Jumbled words သို့မဟုတ် Crosswords စသည့် စာလုံးဆက်ရသည့် ဂိမ်းများသည် ဝေါဟာရအသစ်သင်ယူခြင်းကို အထောက်အကူ ဖြစ်စေသည့် အပြင် ပျင်းမနေစေသည့် အတွက် ဖျော်ဖြေရေလည်း ဖြစ်စေပါသည်။ လူရှေ့တွင် ပြောဆိုခြင်းနှင့် ပတ်သက်လာလျှင်လည်း ဝေါဟာရကြွယ်ဝသောကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုကို တိုးတက်စေပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းရည်များကို မြှင့်တင်ပေးနိုင်ပါသည်။ ဒါကြောင့် အခွင့်အရေးရလျှင်ရသကဲ့သို့ လူရှေ့ထွက်ကာစကားပြောဆိုပေး သင့်ပါသည်။
အမြဲတမ်း ပထမ အစတွင် ခက်ခဲလေ့ရှိသော်လည်း လူရှေ့သူရှေ့တွင် ပြောဆိုခြင်းသည် နောက်ပိုင်းတွင် ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းစေသည့်အပြင် အခြားသော ဖွံ့ဖြိုးရေးနယ်ပယ်များ အတွက် အကောင်းဆုံးအခွင့်အလမ်းများဖြစ်လာနိုင်သောကြောင့် အလေ့အကျင့် ဖြစ်အောင် ကြိုးစား သင့်ပေသည်။
အချုပ်အားဖြင့် ဆိုသော် ဘာသာစကားဆိုင်ရာဉာဏ်ရည်ထက်မြက်မှုသည် အခြားသောအသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှုများအတွက်ပါ အထောက်အကူ ဖြစ်စေနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်လာနိုင်သည့်အပြင် အတွေးအခေါ်၊ အယူအဆများ၊စနစ်တကျတွေးခေါ်နိုင်သည့် စွမ်းရည်များကိုပါ တစ်ဆင့်ချင်းစီ လမ်းပြ ဖော်ဆောင်ပေးနိုင်သောကြောင့် အလွန်အရေးပါသော ဉာဏ်ရည် တစ်ခု ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။
By Myanmmar Education Guide - EDGE