ယခုနှစ် နွေရာသီ မွန်စာပေသင်တန်းသားများလာသဖြင့် ဆရာလိုအပ်ချက်ရှိ ဟုဆို

ယခုနှစ် နွေရာသီ မွန်စာပေသင်တန်းသားများလာသဖြင့် ဆရာလိုအပ်ချက်ရှိ ဟုဆို

၂၀၁၇ က နွေရာသီမွန်စာပေ သင်တန်းသား ၇၀,၀၀၀ ကျော်ရှိ ရာမှ ၂၀၁၈ တွင် ၈၀,၀၀၀ ကျော်  ရှိလာသဖြင့် မွန်စာပေသင်ကြားမည့် ဆရာ၊ ဆရာမ လိုအပ်လာကြောင်း၊ ယခုနှစ်၌ ဆရာ၊ ဆရာမ၂,၂၀၀ ကျော်ဖြင့် သင်ကြားနေကြောင်း ၎င်းကပြောသည်။

 ‘‘စာသင်ဦးရေနဲ့ ဆရာ၊ ဆရာမ အချိုးက မမျှဘူး ဖြစ် တယ်။ ပြီးတော့ အတန်းကြီးလာ တဲ့ သူတွေကိုသင်ပေးတဲ့နေရာမှာ ဆရာတော်တွေကိုပဲ အားကိုးနေ ရတယ်’’ ဟု နိုင်မွန်ရာဇာက ပြော သည်။

READ - မြန်မာနိုင်ငံရှိ အဆင့်အမြင့်ဆုံး တက္ကသိုလ်များစာရင်း

ယခုနှစ်မွန်စာပေသင်ကြား ရေးကို မွန်ပြည်နယ်၊ ကရင်ပြည် နယ်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်နှင့် မန္တလေးတိုင်းတို့ရှိ မွန်လူမျိုးများ နေထိုင်သည့် ၁၈ မြို့နယ်တွင် ပြုလုပ်နေပြီး မတ်လပထမပတ် က စတင်ဖွင့်လှစ်သင်ကြားခြင်း ဖြစ်သည်။

မွန်စာပေ သင်ကြားမှုအတွက်  လိုအပ်သော ငွေကြေးများ ကို မွန်လူမျိုး အလှူရှင်များ၏ လှူ ဒါန်းမှုများနှင့် ဆောင်ရွက်နေပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့များက ထောက်ပံ့သော်လည်း အားနည်း နေသေးကြောင်း ပြောသည်။

‘‘ဆရာအတွက် အကူအညီ ပေးလာတာ ရှိပေမယ့် ကျောင်း သားတွေ များလာတော့ အခက် အခဲဖြစ်နေဆဲပါပဲ။ တချို့နေ ရာတွေဆို ဆရာတစ်ဦးတည်းနဲ့ ကျောင်းသား ၁၀၀ လောက် သင် ပေးနေရတာရှိတယ်’’ ဟု ပေါင်မြို့ နယ်တွင် မွန်စာပေသင်ကြားပေး သည့် ဆရာမတစ်ဦးက ပြော သည်။

နွေရာသီမွန်စာပေသင်တန်း ကို မွန်လူမျိုးတို့၏ စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ရိုးရာ၊ ဓလေ့ထုံး တမ်းအစဉ်အလာများ တည်တံ့ ရေး ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးစေလိုသည့် ရည်ရွယ် ချက်ဖြင့် နှစ်စဉ်ဖွင့်လှစ်သင်ပေး နေကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ် ကျေးမှုအဖွဲ့ တာဝန်ရှိသူများက ဆိုသည်။

ယခင်နှစ် နွေရာသီ မွန်စာပေသင်ကြားမှု သင်တန်းတွင်၁၈ မြို့ နယ်မှ ကျောင်းသူ၊ ကျောင်းသား ၈၀,၀၀၀ ခန့် တက်ရောက်သင် ကြားပြီး ဗဟိုအဆင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁,၆၀၀ ကျော်ရှိကြောင်း မွန်ဒေသလုံး ဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ် ကျေးမှုအဖွဲ့ စာရင်းထုတ်ပြန်ချက်အရ သိရသည်။

မွန်စာပေ သင်ကြားမှုကို အစိုးရစာသင်ကျောင်းများ ပိတ် ရက် တစ်လခွဲအတွင်း ပြုလုပ်ပြီး သူငယ်တန်းမှ ၁၂ တန်းအထိ သင်ကြားနေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 1312 times