Sales Hotline : 09448001653       Download App



ကမာရွတ် တီတီစီကျောင်း သူငယ်တန်းဝင်ခွင့်လျှောက်လွှာယူသူ နှစ်ရက်အတွင်း တစ်ထောင်ခန့်ရှိ

ကမာရွတ် တီတီစီကျောင်း သူငယ်တန်းဝင်ခွင့်လျှောက်လွှာယူသူ နှစ်ရက်အတွင်း တစ်ထောင်ခန့်ရှိ

လျှောက်လွှာများကို မတ် ၂၃ ရက်အထိ ကမာရွတ်တီတီစီတွင် ရယူကာ မတ် ၂၄ ရက်မှ ၂၈ ရက်အတွင်း (တပ်မတော်နေ့ ပိတ်ရက်မပါ) လျှောက်ထားရမည်ဖြစ်သည်။

လျှောက်ထားသူများသော် လည်း ယခုနှစ်၌ သူငယ်တန်း ကျောင်းသားဦးရေ ၄၀၀ သာ ခေါ်ယူရန် လျာထားပြီး စာရွက်စာတမ်းအတုဖြင့် ကျောင်းအပ်မှု များကို လက်ခံမည် မဟုတ်ဟု ယင်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာမိုးသူက ဆိုသည်။

‘‘ဘာစာမှ ကျွန်မတို့လက်မ ခံပါဘူး။ ဘာကိုမှလည်း လက်မခံ ဘူး။ သတ်မှတ်ထားတဲ့ Criteria (မူ)ငါးချက်မှာ ပါရင်ပါတဲ့သူမှန် သမျှကို ဖောင်ပေးတယ်။ အဲဒီ ငါးချက်ထဲက သူတွေကို ပြန်ပြီး စိစစ်တယ်။ စာရွက်စာတမ်းအတု တွေ ဘာတွေကိုလည်း ကျွန်မတို့ ပြန်စိစစ်တယ်။ မှန်ကန်တဲ့ဟာကို ပဲ ရွေးမှာပါ’’ဟု ဒေါက်တာမိုးသူ က ပြောသည်။

ယင်းကျောင်း၏ သူငယ် တန်းဝင်ခွင့်ရွေးချယ်သည့် မူငါး ချက်ကို လျှောက်လွှာထုတ်ပေးစဉ် ကပင် ကြေညာထားပြီး ထိုမူငါး ချက်အစဉ်လိုက်အတိုင်း သတ် မှတ်ဦးရေပြည့်သည်အထိ ကျောင်းအပ်လက်ခံ မည်ဟု ၎င်းက ဆို သည်။

READ - ကမ္ဘာ့ တက္ကသိုလ် အဆင့် သတ်မှတ်ချက် စာရင်းမှာ မြန်မာတက္ကသိုလ်တွေ မပါဝင်

သူငယ်တန်းတက်ရောက် မည့်သူသည်

(၁) ကမာရွတ်တီတီ စီတွင် တက်ရောက်နေဆဲမောင် နှမ အရင်းအချာရှိသူများ၊

(၂) ပညာရေးဝန်ကြီးဌာနတက္ကသိုလ်၊ ကောလိပ်ဆရာ၊ ဆရာမများ၏ သားသမီး၊ မြေးအရင်းအချာများ၊

(၃)အဆင့်မြင့်ပညာဦးစီးဌာနနှင့် တွဲဖက်ဌာနများမှ ဝန်ထမ်းများ၏ သားသမီး၊ မြေးအရင်းအချာများ၊

(၄) ပညာရေးဝန်ကြီးဌာနဦးစီး ဌာနများအောက်ရှိ ဝန်ထမ်းများ ၏သားသမီး၊ မြေးအရင်းအချာ များ၊

(၅) ကမာရွတ်မြို့နယ်အ တွင်း အခြေတကျနေထိုင်သူများ၏ သားသမီး၊ မြေးအရင်းအချာ များဖြစ်ရ မည်ဟု သတ်မှတ်ထား သည်။

‘‘ရွေးမှာက လူ ၄၀၀ ကို ပထမဆုံး တစ်ရက်တည်းတင် လူ ၄၀၀ ကျော်လောက်တော့ ရှိပြီ။ လျှောက်သူ ၇၀၀ ရှိတယ်ဆိုရင် Criteria အစီအစဉ်အလိုက် ၃၀၀ ဦး ပယ်မှာပေါ့။ အပေါ်မှာပြည့်ရင် အပေါ်မှာ ဖြတ်ချမှာပေါ့။ အဆင့် ဆင့်ရွေးမှာပါ’’ဟု ကျောင်းအုပ် ကြီးက ရှင်းပြသည်။

သူငယ်တန်းကျောင်းသား လက်ခံအရေအတွက်ကို နှစ်စဉ်လျှော့ချရန် အစီအစဉ်ရှိပြီး လာမည့် ပညာသင်နှစ် တွင်လည်း ပြီးခဲ့သည့် ပညာသင်နှစ်ထက် ၅၀ ဦးခန့် လျှော့ချလက်ခံမည်ဟု ဒေါက် တာမိုးသူက ဆိုသည်။

ယင်းကျောင်းသည် ရန်ကုန် မြို့၏ နာမည်ကြီးကျောင်းများအ နက် တစ်ခုဖြစ်ပြီး နှစ်စဉ်ကျောင်း ဝင်ခွင့် လျှောက်သူဦးရေများခြင်း ကြောင့် ဝင်ခွင့်လျှောက်လွှာများ ကို ကျောင်းအပ်နှံရေး သီတင်းပတ် မတိုင်မီ ကြိုတင်ထုတ်ပေးလေ့ရှိ သည်။

ဝင်ခွင့်ပြုမည့် ဦးရေနည်းပြီး လျှောက်ထားသူ များခြင်း ကြောင့် သတ်မှတ်ချက်များကိုက် ညီစေရန် နည်းအမျိုးမျိုးဖြင့် ဝင် ခွင့်ရရန် ကြိုးစားသည့် မိဘများ လည်း ရှိသည်။

 ‘‘နာမည်ကြီး  ကျောင်းဆို တော့ ရဖို့မလွယ်တော့ ကိုယ့်နည်း ကိုယ့်ဟန်ကြိုးစားရတာလည်း ရှိ မှာပေါ့။ အရင်နှစ်တွေကဆို ဘယ် လိုပေးရတယ် ဘာညာဈေးကွက် ရှိတယ်တောင် ကြားဖူးတယ်’’ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြော ကြားသည်။

ကျောင်းဆောင် မလုံလောက် မှုကြောင့် ယခင်က ကျောင်း၏အတန်းအချို့ကို လှိုင်တက္ကသိုလ် နယ်မြေတွင် ဖွင့်လှစ်ခဲ့ရသည်။

၂၀၁၇ ဒီဇင်ဘာတွင် ကျောင်းဝင်းအတွင်း  ငါးထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ပြီး အတန်းအားလုံးကို ကမာရွတ် လေ့ကျင့်ရေး အထက်တန်းကျောင်းဝင်းအတွင်း၌သာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 2573 times